Episode 3 ☠

388 93 32
                                    

ဂျောင်ကုထင်ထားသလိုပါပဲ...

လူတစ်စုက သူ့နောက်ကိုနောက်ယောင်ခံလိုက်နေတာ ရက်သတ္တပတ်အနည်းငယ်ရှိနေပြီ... ဒါတွေကို သူပြန်သိခဲ့တာက ထိုညမတိုင်ခင်ရက်တွေမှာ သူသွားလာခဲ့တဲ့နေရာတွေရဲ့ CCTV မှတ်တမ်းတွေနဲ့ ကား Blackbox ကနေပြန်သိခဲ့ခြင်းပင်...

မှတ်တမ်းတွေထဲမှာ မိန်းကလေးယောင်ဆောင်ပြီးတော့ မူယာမာယာများကာ သူ့အိမ်အထိလိုက်လာတဲ့သူခိုးကောင်ကိုတော့မတွေ့မိသေး... ဒါပေမယ့် သူ့ကိုဘားမှာဝင်တိုက်မလိုလုပ်ခဲ့တဲ့စားပွဲထိုးကောင်, ဓာတ်လှေကားရှေ့မှာ စကားတွေဝင်ရောတဲ့ Berlin ကဆိုတဲ့ကောင်, နောက်ပြီးတော့ ကားပါကင်မှာသရုပ်ဆောင်ပြသွားတဲ့ကောင်တစ်စု... သူတို့အားလုံးရဲ့မျက်ခွက်တွေက ဗီဒီယိုမှတ်တမ်းတွေထဲမှာအထင်းသား... 

အေးဂျင့်ဂျွန်တစ်ယောက် လက်သီးကိုတင်းတင်းဆုပ်ပြီး မချိတင်ကဲစိတ်ကထိန်းချုပ်မရ... ထိုသူတွေရဲ့မျက်နှာအသီးသီးကို ဌာနချုပ်ဆီကိုပို့ပြီးတော့ ဘယ်သူဘယ်ဝါဘယ်ကဆိုတာ အတည်ပြုခိုင်းထားသည်... အတည်ပြုလို့ရခဲ့ရင်တောင် သူ့အိမ်ကိုပိုင်နက်ကျူးလွန်တဲ့နေ့က သက်သေဘာတစ်ခုမကျန်ခဲ့တာမို့အရေးယူဖို့အခက်အခဲရှိနိုင်၏...

Ring...Ring

"အင်း... Haru...ဘာထူးလဲ..."

"စီနီယာ Zeha... စီနီယာ Cein (ယွန်းဂီ) ကသူမအားလို့ ကျွန်တော့ကိုဆက်ခိုင်းလိုက်လို့ပါ... ဟိုတစ်နေ့ကအတည်ပြုခိုင်းလိုက်တဲ့ပုံတွေက ဂိုဏ်းတစ်ခုကလူတွေပါ... Black Phoenix ဆိုတဲ့ဂိုဏ်းကလူတွေ..."

"သူတို့အတွက် ဒီသံတမာန်ရေးရာအချက်အလက်တွေက ဘာအသုံးဝင်တာမို့လို့ခိုးရတာလဲ... ပြန်ရောင်းစားတာပဲဖြစ်ရမယ်... အောက်တန်းစားကောင်တွေ..."

အေးဂျင့်ဂျွန်ရဲ့ ဒေါသမီးကတစ်ဖန်ပြန်ပြီးတောက်လာပြန်ပြီမို့ တစ်ဖက်ကဂျီမင် (Haru) မှာတော့ ငြိမ်ငြိမ်လေးသာနေနေလေသည်...

"အဲ့ကောင်တွေအခုဘယ်မှာလဲသိလား Haru..."

"စီနီယာဘာလုပ်မလို့လဲ... သက်သေမရှိ ကိုယ့်ဘက်ကပိုင်နိုင်တာမရှိပဲ ဂိုဏ်းတွေကိုသွားမထိသင့်ဘူးနော်စီနီယာ... အဲဒါက..."

The Revenge Equation ☠Where stories live. Discover now