Episode 20

284 80 20
                                    

Rio Grande do Norte ပြည်နယ်ရဲ့မြို့တော် Natal ကို မိုးလင်းခါစအချိန်တွင် ရောက်ရှိသွားကြသည်... ထိုနေရာသည်လည်း လှပသောကမ်းခြေနေရာကြောင့် နာမည်ကြီးသောနေရာတစ်ခုပင်ဖြစ်သည်... လေယာဉ်ချိန်က လိုနေသေးသည်ဖြစ်၍ သူတို့နှစ်ယောက်ကမ်းခြေဘက်ကို လမ်းလျှောက်ရင်းထွက်လာခဲ့ကြသည်... 

ပေါ့ပေါ့ပါးပါးအဝတ်အစားတို့ကို လဲဝတ်ထားကာ သူတို့ကိုယ်တိုင်လည်း စိတ်လက်ပေါ့ပါးနေသည်... မနေ့ကထက်စာရင် အများကြီးပေါ့ပေါ့ပါးပါး အေးအေးဆေးဆေးပင်... မနက်စောနေသေးသည်ဖြစ်၍ ကမ်းခြေတစ်လျှောက်တွင် လူသူအသွားအလာနည်းနေသေးသည်... 

ကမ်းဆီကိုရိုက်ခတ်လာသည့် လှိုင်းလုံးသေးသေးလေးတွေဆီ ခြေဖျားဖြင့်ထိဆော့ရင်း ပင်လယ်ပြင်ကိုဖြတ်တိုက်လာသည့်လေထုကို ဝအောင်ရှူရှိုက်လိုက်သည်... 

"ဆော့ဂျင်..."

ပင်လယ်ကိုနောက်ခံထားကာ ဖုန်း Selfie Camera ကိုဖွင့်ပြီး ရှေ့ကနေသွားနှင့်တဲ့ ကင်မ်ဆော့ဂျင်ကိုလှမ်းခေါ်လိုက်သည်... စဉ်းစားကြည့်မှ သူတို့နှစ်ယောက်မှာ အတူတူတွဲရိုက်ထားသည့်ပုံဆိုတာမရှိသေးချေ... တွေ့လိုက်သည့်အခါတိုင်း ဆုံလိုက်သည့်အကြိမ်တိုင်းမှာ စိတ်ကူးယဉ်ဆန်ဆန်ကြည်နူးစရာကောင်းတဲ့အချိန်ဆိုတာခပ်ရှားရှား... အမြဲတမ်းသဲထိတ်ရင်ဖိုတွေချည်းသာ...

သူခေါ်လိုက်တော့ ချက်ချင်းသူ့ဆီကိုပြန်ပြေးလာပြီး ကင်မရာထဲကိုကြည့်ကာ နေရာယူလာသည်... ငါးပုံ ခြောက်ပုံလောက်အထိ ပိုစ့်ကိုမပြောင်းလဲမိကြပဲ ခပ်တည်တည် ခပ်တန်းတန်းကြီးသာဖြစ်နေ၍ သူတို့နှစ်ယောက်လုံး ပြိုင်တူရယ်လိုက်မိသည်... နောက်ဆုံးတော့ အေးဂျင့်ဂျွန်က လွတ်နေသောလက်တစ်ဖက်ဖြင့် ဆော့ဂျင်ရဲ့ပခုံးကိုဆွဲဖက်ကာ နီးကပ်သွားသည့် ပါးပြင်အိအိကိုဖိနမ်းလိုက်သည်...

"ရားးးးးးးးး"

"အခုမှသဘာဝကျကျဖြစ်သွားတာ... ဒီမှာကြည့်..."

ပုံထဲတွင်လန့်သွားဟန်ရှိသည့် သူ့မျက်နှာနှင့် သူတို့နှစ်ယောက်ရဲ့လျှပ်တပြတ်လှုပ်ရှားမှုသည် တစ်ကယ်လည်းသဘာဝကျကျနှင့် အသက်ဝင်နေသည်...

The Revenge Equation ☠Donde viven las historias. Descúbrelo ahora