သုံးပတ်ခန့်ကြာသော်...အိမ်ရာစီမံကိန်းတစ်ခုရဲ့ သတင်းစာရှင်းလင်းပွဲအပြီးးးးး
လုံခြုံရေးကို အထူးကြပ်မတ်ထားသည့်ကြားကတောင် ပွဲကိုကမောက်ကမဖြစ်သွားအောင် ထပ်လုပ်သွားတဲ့ကြေးစားကောင်ကို ဝန်ကြီးချုပ်မိုထယ်ဂူတစ်ယောက် ကြိတ်မနိုင်ခဲမရဖြစ်လို့နေသည်... အခုလပိုင်းအတွင်းကြေးစားဂိုဏ်းတစ်ခုကကောင်တွေ သူ့ကိုပစ်မှတ်ထားပြီး အနှောင့်အယှက်ပေးနေတာကို သူသတိထားမိနေတာကြာပြီ... ဝန်ကြီးချုပ်ရာထူးဖြစ်တာမို့ သူ့ကိုမနှစ်သက်သူ၊ မထောက်ခံသူ၊ ငွေညှစ်ချင်သူတွေရှိနေတာဖြစ်ရိုးဖြစ်စဉ်ဆိုပေမယ့် အနှောင့်အယှက်ပေးသူက ပိုက်ဆံလိုချင်သောကြောင့်လည်းမဟုတ်ခဲ့... ပိုက်ဆံကြောင့်လည်းမဟုတ်ပါပဲ အငြိုးတကြီးအနှောင့်အယှက်ပေးနေသူကို သူဆက်ပြီးဒီအတိုင်းထားမှာမဟုတ်...
တွေးနေရင်းဖြင့်ပင် သူ့ရဲ့လူသိမခံဝံ့သော အကျင့်ပျက်လာဘ်စားထားတဲ့ဗီဒီယိုအကြောင်း ခေါင်းထဲဝင်လာတော့ လက်သီးကိုသာတင်းတင်းဆုပ်မိ၏... ဒါဆိုရင် သူနိုင်ငံတကာလှည့်ပြီး လူမျိုးခြားမိန်းကလေးတွေနဲ့ပျော်မွေ့နေတဲ့အကြောင်းတွေကိုရော သိနေမှာလား... အဲ့တာတွေထက် လက်တလောပြဿနာအတွက်တော့ သတင်းစာရှင်းလင်းပွဲကို ကြီးကြီးကျယ်ကျယ်လုပ်ရပေဦးမည်... အသုံးမကျတဲ့သမ္မတကိုလည်း ဖြေရှင်းချက်ကောင်းကောင်းပေးရဦးမည်...
YOU ARE READING
The Revenge Equation ☠
Fanfiction"လူတွေကကောင်းကင်ဘုံကိုတော့ရောက်ချင်ကြတယ်... ဒါပေမဲ့ ဘယ်သူမှမသေချင်ကြဘူး... ဘယ်လောက်ရယ်စရာကောင်းတဲ့ဟာသလဲ..." "An Eye For An Eye" #Myanmarsub