Episode 16

251 82 30
                                    

Fortaleza ဒေသတွင်ရှိနေကြောင်းသိရ၍ မျှော်လင့်ချက်တစ်ခုကြောင့် သူတတ်ကြွနေမိသည်... တစ်နေကုန်အတွေးထဲတွင် ထိုဒေသအကြောင်းတွေကို အပြည့်အသိပ်တွေးမိနေကာ၊ ချစ်ရသူနှင့်တွေ့ရမည်ကို ကြိုပြီးရင်ခုန်စိတ်လှုပ်ရှားနေသည်...

ဒါပေမယ့် ဒီတစ်ကြိမ်တွင်လည်း သူကပဲအလျော့ပေးရဦးမည်လား... အဆက်အသွယ်တစ်ချက်လေးတောင်မလုပ်တဲ့သူ၊ အဆင်ပြေကြောင်း တစ်ခွန်းလေးတောင်မဟတဲ့သူ၊ သူအလွန်အမင်းစိတ်ပူနေတာကို သိရက်နဲ့တောင်မှဒီလိုလုပ်ရက်နိုင်တဲ့သူ၊ ဒါကို သူကပဲအလျော့ပေးပြီး အမြီးလေးတနှံ့နှံ့နှင့် သွားတွေ့ရဦးမှာ...

စိတ်ပိုင်းဆိုင်ရာကုသမှုတွေ ခံယူနေရတယ်ဆိုတာကို သူသိထား၍ စိတ်ကိုတစ်ထစ်လျော့ချနိုင်တယ်ဆိုပေမယ့်လည်းး... ကင်မ်ဆော့ဂျင်က သူမရှိပဲလည်းအဆင်ပြေနေသည်... သူမရှိပဲလည်းရပ်တည်နိုင်သည်... ဘာမှမဖြစ်သလို ရှေ့ဆက်နိုင်သည်... ကြမ်းတမ်းခက်ခဲခဲ့တဲ့ ငယ်စဉ်ဘဝကိုသိထားပြီး သာမာန်လူတစ်ယောက်လိုမျိုး စိတ်အခြေအနေမတူညီနိုင်တာကို သဘောပေါက်ပေမယ့်လည်း ကင်မ်ဆော့ဂျင်ကသူမရှိလည်း အဆင်ပြေပြေနေနိုင်တယ်ဆိုတာကတော့ ငြင်း၍မရတဲ့အမှန်တရားတွေ...

အလျင်စလိုပြင်ဆင်ထားပြီးသော အဝတ်အိတ်ကြီးကို အားဖြင့်တွန်းလှဲပစ်ကာ ဆေးလိပ်တစ်လိပ်ကိုနှုတ်ခမ်းမှာတေ့လိုက်သည်... ဆိုဖာပေါ်မှာ အိခနဲထိုင်ချပြီး တစ်ခုခုကိုအသေအချာတွေးနေချင်ပေမယ့် သူအငြိမ်နေ၍မရ... စက္ကန့်ပိုင်းလောက်ထိုင်ပြီးသည်နှင့် ဧည့်ခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန်လျှောက်နေကာ သူစိတ်တွေရှုပ်ထွေးနေသည်... အရင်က ဘယ်ရောက်နေမှန်းမသိလို့ ထိုင်စောင့်နေရုံကလွဲပြီး မတတ်နိုင်တာ... အခုက ဘယ်ကိုသွားရှာရမလဲဆိုတာကိုသိပြီမို့ ဒီအတိုင်း တည်တည်ငြိမ်ငြိမ်နေနေဖို့ကခက်ခဲ၍နေသည်...

ကင်မ်ဆော့ဂျင်ပစ်ထားသလိုပဲ သူ့ဘက်ကလည်းဂရုမစိုက်သလို၊ မရှိသလို၊ မသိသလိုထားပစ်လိုက်မယ်ဆိုတဲ့အတွေး... ထိုအရာက အတွေးတစ်ခုသက်သက်နဲ့တင်တောင် သူ့ကိုမွန်းကျပ်လာစေသည်... တစ်ဖက်ကမရှိတဲ့ သူတစ်ယောက်လို သူ့ကိုအဆက်အသွယ်မလုပ်ပဲ နေနိုင်တယ်ဆိုပေမယ့် သူ့ဘက်ကတော့ ထိုသို့မဟုတ်ပေ... တစ်ရက်လေးပဲဖြစ်ဖြစ်၊ တစ်နာရီလောက်ပဲဖြစ်ဖြစ်စောပြီး ကင်မ်ဆော့ဂျင်နဲ့တွေ့ချင်သည်... 

The Revenge Equation ☠Where stories live. Discover now