Episode 11

326 84 35
                                    

"အဖေနဲ့အမေဆုံးပါးသွားတုန်းက အမှောင်ထုကိုစပြီး Trauma ရသွားခဲ့တယ်... အဲ့စိတ်ဒဏ်ရာ Trauma က နူးနား ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့နောက်ပိုင်းမှာ ပိုဆိုးလာခဲ့တယ်..."

အေးဂျင့်ဂျွန် ဘာစကားတစ်ခွန်းမှဝင်မပြောနိုင်လောက်အောင် စိတ်ဝင်တစားနဲ့နားထောင်နေခဲ့သည်...

"ဒီအတိတ်တွေကို ဘယ်သူ့မှမပြောပြခဲ့ဖူးပေမယ့်... အေးဂျင့်ဂျွန်တစ်ယောက်ကိုတော့ ပြောပြသင့်တယ်လို့ထင်တယ်..."

အပြုံးမမည်တဲ့အပြုံးတစ်ခု နှုတ်ခမ်းပေါ်မှာရှိနေသည်...

"အဲ့ဒီနောက်... အဲ့ဒီနောက်ရော ဘာဆက်ဖြစ်သွားခဲ့တာလဲ... မင်းဘယ်လို..."

"တရုတ်ပြည်ကို ရောင်းစားတဲ့ထဲပါသွားခဲ့တယ်... အဲ့တာကလည်း ဟိုလူရဲ့စနက်ပဲပေါ့... ဒါပေမယ့် ကျွန်တော်ကံကောင်းခဲ့တယ်... ဂိုဏ်းတစ်ခုကရွေးချယ်တာ ခံလိုက်ရတယ်လေ..."

"Black Phoenix?..."

"အဲ့တုန်းကတော့ ဂိုဏ်းခေါင်းဆောင်က အခုခေါင်းဆောင်မဟုတ်ဘူး... နာမည်ကလည်းကြောင်တောင်တောင် နာမည်တစ်ခုနဲ့ပဲ... ကျွန်တော်ကရောင်းစားခံရမယ့် ကလေးတွေထဲမှာမှ အရွေးခံလိုက်ရတယ်လေ... အာ... အခုလက်ရှိဂိုဏ်းခေါင်းဆောင်က အနေတည်ပေမယ့် ကျွန်တော့်အပေါ်ကောင်းပေးပါတယ်... သူ့အမိန့်တွေနဲ့ စည်းကမ်းတွေ အကြိမ်ကြိမ်မလိုက်နာခဲ့တာတောင် သူကကျွန်တော့်ကိုဂိုဏ်းက အရေးပါတဲ့နေရာမှာထားထားတုန်းပဲ..."

"..................."

"ကြေးအမြင့်ကြီးပေးတာတောင်မှ ကျွန်တော့်ကိုရောင်းမပစ်ခဲ့ဘူး... အီတလီနဲ့ မက်ဆီကိုမှာတုန်းက......က...."

"နေပါဦး... ရောင်းတယ်... လူကို... မင်းကရောင်းလို့ရတဲ့ပစ္စည်းလား... ရောင်းပစ်တယ်ပြောရအောင်..."

နာမည်ကြီးဂိုဏ်းတွေကြားထဲမှာ ဒီလိုပဲကြေးစားတွေကို အလဲအလှယ်လုပ်၊ ကြေးမြင့်မြင့်နဲ့ ရောင်းစားတတ်ကြတာကို သူကြုံတွေ့ခဲ့ဖူးပြီးသား... ဒါပေမယ့် ကင်မ်ဆော့ဂျင်ဆိုသူက ရောင်းထုတ်ပစ်လို့ရတဲ့ဖြစ်တည်မှုဆိုတာကို သူလက်ခံမပေးနိုင်ပေ...

"ကျွန်တော်တို့ရဲ့လောကကဒီလိုပဲလေ... ဒါကဖြစ်ရိုးဖြစ်စဉ်ပါပဲ..."

The Revenge Equation ☠Where stories live. Discover now