Episode 8

302 75 31
                                    

တစ်ဖက်တွင်လည်း ကြားဖြတ်နားထောင်သည့်စက်၊ ခြေရာခံသည့်စက်ကိုခိုးတပ်ထားပြီး Black Phoenix ကသူတွေကို အထိနာသွားအောင် ခြေမှုန်းဖို့ကြိုးစားခဲ့ပေမယ့် ဆန္ဒတို့ကအထမမြောက်ခဲ့...  ထို့အပြင် လုံးဝထင်မှတ်မထားခဲ့တဲ့ တတိယလူတစ်ယောက်ထပ်ပေါ်လာခဲ့ပြီး အရေးကြီးတဲ့အချက်အလက်တွေက ထိုသူဆီကိုပါသွားခဲ့၏... အရေးကြီးတယ်ဆိုတာထက် လူသိခံလို့မရတဲ့ သူ့ရဲ့အပုတ်အပွသတင်းတွေ၊ သက်သေတွေ... 

"အခုအချိန် ငါ့လက်ထဲမှာသေနတ်ရှိမနေတာ မင်းတို့ကံကောင်းသွားတယ်... နားထင်မှာ အပေါက်ကိုယ်စီဖောက်ပေးလိုက်ရမှာ..."

ဝန်းခြံကြီးတစ်ခုလုံး ပေါက်ကွဲထွက်လုမတတ် ဒေါသတကြီးသောင်းကြမ်းနေသော ဝန်ကြီးချုပ်နားကို ဇနီးဖြစ်သူ မိုယောင်းဟီကိုယ်တိုင်တောင်မကပ်ရဲပေ... အသံဆူဆူတို့ကြောင့် အိမ်ကြီးထဲကိုဝင်ဖို့ပြင်နေတဲ့ မိုယောင်းဟီရဲ့ခြေလှမ်းတွေက တဖြည်းဖြည်းနဲ့အနောက်ကို ဆုတ်သွားတော့သည်... ဝန်ကြီးချုပ်ကို ဒီလိုပုံစံနဲ့မမြင်ဖူးခဲ့... အသုံးမကျဘူးဆိုတဲ့ ခေါင်းစဉ်နဲ့ဆဲဆိုအော်ဟစ်နေကာ ဂေါက်ရိုက်တဲ့ဂေါက်တံနဲ့ လူတွေကိုပါရိုက်နှက်နေသည်မှာ အသိစိတ်မရှိသကဲ့သို့ပင်...

"ငါ့အနားကိုတော့ နောက်ထပ်ရောက်လာကြဦးမှာပဲ... ခွေးကျင့်ခွေးကြံကြံတဲ့ အနက်ရောင်ကောင်ရော... ဟိုကြေးစားကောင်ရော... လူအင်အားထပ်တိုးထားလိုက်... ဒီတစ်ခါ တစ်ခုခုလွဲချော်သွားခဲ့ရင် အသက်ပေးဖို့ပြင်ထားကြ..."

ချွေးတို့ဖြင့်စိုရွှဲနေသောအင်္ကျီအား ကြယ်သီးတွေတစ်ဝက်လောက်အထိ ဆွဲဖြုတ်ပစ်လိုက်ကာသားရဲကဲ့သို့မျက်လုံးများဖြင့်...

"အရှင်လိုချင်တယ်လို့ငါမပြောဘူး... ဖမ်းရခက်နေရင် ပစ်သတ်လိုက်လို့ရတယ်... အဓိကကငါ့လမ်းပေါ်မှာမနှောင့်ယှက်နိုင်အောင်ပဲ..."

"ညှင်းဆဲပြီးမှသတ်ပစ်လိုက်..."

ဒေါသထွက်တုန်းပြောတဲ့စကားတွေလို့ အစပိုင်းမှာယူဆမိပေမယ့် ခင်ပွန်းဖြစ်သူရဲ့စကားတွေကတဖြည်းဖြည်းကြမ်းကျုတ်သည့်အသွင်ကိုဆောင်လာသည်... ထို့ကြောင့် သူမလည်းအိမ်ကြီးထဲမဝင်တော့ပဲ ပန်းခြံထဲကိုသာ ပြေးထွက်ခဲ့လိုက်တော့၏... 

The Revenge Equation ☠Where stories live. Discover now