Episode 2 ☠

455 86 39
                                    

လူပြတ်သောဆင်​ခြေဖုံးနေရာတစ်ခု...

မှောင်ရိပ်ကိုအားသာချက်တစ်ခုအနေနဲ့ခိုလှုံကာ လူစုနေကြ၏... ရေနံချေးသုတ်ထားတဲ့စည်ပိုင်းဟောင်းကြီးငါးလုံးထဲတွင် လောင်စာအပြည့်ဖြည့်ထား​ပြီး မီးတောက်ခပ်ကြီးကြီးရအောင်မီးဖိုထားလေသည်...

ထို​​နေရာတွင်တစ်ကိုယ်လုံးအနက်ရောင်တွေချည်း ဆင်တူဝတ်ဆင်ထားသူတွေ အယောက် ၃၀ နီးပါးခန့်ရှိနေသည်... ထိုသူတွေက နှစ်ယောက်တစ်တွဲစီ မျက်နှာချင်းဆိုင်အနေအထားဖြင့် သူတို့ရဲ့အလယ်တွင် လျှောက်လမ်းတစ်ခုစာကွာဝေးလေသည်...

"သူလာပြီ..."

သူတို့အားလုံး အသင့်အနေအထားတစ်ခုဖြင့် ခန္ဓာကိုယ်ကိုမတ်လိုက်ကြ၏... ခဏနေတော့အသက် ၄၅ နှစ်ခန့်ရှိတဲ့ သူတို့တစ်ဖွဲ့လုံးရဲ့အုပ်ချုပ်သူ. ခေါင်းဆောင်သူ. ဗျူဟာရေးဆွဲသူ ဂျိုဂျီဆောင်ထိုနေရာကိုလျှောက်လာသည်... သူ့ရဲ့သက်တော်စောင့်တွေကတော့ တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်အနေအထားယူလိုက်ကြပြီ ခေါင်းဆောင်ဂျိုကတော့အားလုံးရှေ့ကနေ ဖြတ်လျှောက်ဝင်သွားကာ ရှေ့ဆုံးမှာ နေရာယူလိုက်၏...

"တနေ့ညကဖြစ်သွားတဲ့ကိစ္စကို ပါဝင်ပက်သက်တဲ့သူထဲက တစ်ယောက်ယောက်ရှင်းပါဦး..."

"မြို့ပြင်က ကျွန်တော်တို့ရဲ့နေရာကို အထူးတပ်ဖွဲ့က ခြေရာခံမိသွားတာဆရာ... အချိန်မှီရှောင်နိုင်လိုက်လို့ ဖမ်းမိသွားတဲ့သူတော့မရှိပေမယ့် mission ကတော့စီစဥ်ထားတာနဲ့ လွဲချော်သွားတာလေးတွေရှိပါတယ်... ဒါပေမယ့်..."

"အဲ့တာကိုပြောနေတာမဟုတ်ဖူး... Hwan မင်းပြောကြည့်စမ်း..."

အများနည်းတူ တစ်ဖက်တစ်ချက်စီမှာရပ်နေရာကနေ Hwan ကအပြင်ကိုထွက်လာလေသည်...

"ကိုယ့်သဘောနဲ့ကိုယ် အစီအစဥ်ပြောင်းခဲ့မိလို့ တောင်းပန်ပါတယ်ခေါင်းဆောင်ဂျို... အဲ့အတွက်ကျွန်တော်အပြည့်အဝတာဝန်ယူပါတယ်... ကျန်တဲ့သူတွေနဲ့မဆိုင်ပါဘူး... သူတို့က ကျွန်တော့စကားကို နားထောင်ခဲ့ရုံပါပဲ..."

Hwan (ဆော့ဂျင်) ရဲ့အသံကပြတ်သားနေကာ တစ်ခုခုကိုတာဝန်ယူဖို့ အသင့်ဖြစ်နေချေပြီ...

The Revenge Equation ☠Tempat cerita menjadi hidup. Temukan sekarang