Episode 15

280 85 34
                                    

လုံခြုံစိတ်ချရတဲ့နေရာကို ပို့ဆောင်ပြီးသည်နှင့် သူဌာနချုပ်ကို ချက်ချင်းပြန်သွားသည်... သူ့အကြောင်းကတော်တော်များများသိပြီးနေပြီမို့ အကုန်လုံးကွက်ကြည့်ကွက်ကြည့်နှင့် တီးတိုးပြောနေကြသည်...

ဆော့ဂျင်ရဲ့သူငယ်ချင်းတွေဆီက အကူအညီလိုအပ်နေကြောင်းသိသိခြင်း သူကမိုထယ်ဂူရဲ့ပိုင်ဆိုင်သမျှအိမ်၊ ခြံ၊ မြေတွေကို ဒေါ်လေးဖြစ်သူကနေတဆင့် ရှာဖွေလိုက်သည်... ဆော့ဂျင်သူငယ်ချင်းတွေဆီကအချက်အလက်တွေနဲ့ယှဉ်၍ ဖြစ်နိုင်ချေအရှိဆုံးနေရာကို သူသွားခဲ့ခြင်းဖြစ်သည်... ဒါတင်မကပဲ ဌာနချုပ်ရဲ့သူ့လက်အောက်မှာရှိတဲ့ အဖွဲ့တစ်ခုလုံးကိုခေါ်သွားခဲ့သည်...

အပြစ်က သာမာန်နှင့်မတူပဲကြီးလေးကာ သူကအပြစ်သားတစ်ယောက်လို ထိုင်ခုံတစ်လုံးနှင့် ရှေ့ဆုံးမှာထိုင်နေရသည်... ဌာနအသီးသီးရဲ့ခေါင်းဆောင်တွေနှင့် အတွင်းရေးမှူးချုပ်က ဘယ်လိုစီရင်ရမလဲဆိုတာ သူ့ကိုရှေ့မှာထားပြီး ငြင်းခုန်နေကြသည်... သူ့ကိုတွေ့တွေ့ချင်းမှာပင် လက်သီးဖြင့်နှုတ်ဆက်သော အဖွဲ့ခေါင်းဆောင်ရဲ့လက်ဆစ်တွင် သွေးစို့နေသည်...

ဝရမ်းမပါပဲ စီးနင်းတာကတစ်မှု၊ လျှိုဝှက်စုံစမ်းရေးအဖွဲ့နှင့် ဘာမှမဆိုင်သည့်ကိစ္စကို တစ်ဖွဲ့လုံးအားဦးဆောင်ပြီး ခေါ်သွားတာကတစ်မှု၊ အာဏာကိုသုံးပြီး ကျူးကျော်မိတာက ဝန်ကြီးချုပ်ပိုင်ဆိုင်သောအိမ်ဖြစ်နေတာတစ်ကြောင်း၊ လက်နက်နှင့်ဝန်ကြီးချုပ်ရဲ့လူတွေကိုချိန်းခြောက်ပြီး အရေးကြီးတယ်လို့ ယူဆရတဲ့သူကို ခေါ်ထုတ်သွားတာကတစ်ခု၊ ထိုသူကိုတားဆီးနေတဲ့ကြားက မရမကလွှတ်ပေးလိုက်တာက နောက်ဆုံးတစ်မှုပင်..

"ဝန်ကြီးချုပ်က ဒီသတင်းကိုကြားပြီးတော့ ကမ္ဘောဒီးယားကနေ ချက်ချင်းပြန်လာနေပါပြီ အတွင်းရေးမှူးချုပ်..."

ဝန်ကြီးချုပ်ဆိုတာကိုကြားသည်နှင့် တာဝန်ရှိတဲ့သူအားလုံး လှုပ်လှုပ်ရှားရှားတွေဖြစ်ကုန်ကြသည်...

"မင်းကိုအရမ်းစိတ်ပျက်တယ် အေးဂျင့်ဂျွန်... ဒီလိုလုပ်မယ့်သူဆိုတာ ယုံကြည်လို့တောင်မရဘူး... ကြားကြားချင်းတုန်းကမယုံခဲ့ဘူး..."

The Revenge Equation ☠Where stories live. Discover now