နေထိုင်သူဦးရေနည်းသော ရပ်ကွက်ငယ်လေး...
ထိုရပ်ကွက်ငယ်လေးမှာမှ အစွန်ကျသောအိမ်ငယ်လေးတစ်ခုတွင် သူရှိနေခဲ့သည်...
ထိုညကလကွယ်ညတစ်ည...
ခပ်လှမ်းလှမ်းလမ်းထောင့်က လမ်းမီးတိုင်လေးမှာ လင်းအားနည်းနေပြီ...
အိမ်အနီးတဝိုက်တွင် တခြားအိမ်ခြေတွေမရှိနေပါ... သူတို့ရဲ့အိမ်ကလေးသာရှိသည်...
အိမ်မှာစားစရာဆိုလို့ မနေ့ကကျန်တဲ့ထမင်းကြမ်းခဲအနည်းငယ်...
၆ လတိတိမီတာခမဆောင်နိုင်လို့ အိမ်မှာရေရောမီးပါသုံးမရ... ဒီလိုပိန်းပိတ်အောင်မှောင်နေတဲ့ညတွေမှာဆို အမှောင်ထဲမှာသာ ထမင်းကြမ်းခဲဝါးရင်းငုတ်တုတ်ထိုင်နေရသည်... ခန္ဓာကိုယ်သေးသေးလေးကို တတ်နိုင်သလောက် ပြတင်းပေါက်နားတိုးကပ်ထားပေမယ့် လကွယ်ညဖြစ်လို့သိပ်တော့မထူးခြားနားခဲ့...
အလင်းရောင်သေးသေးလေးမှမရရင်သူမနေတတ်... အမှောင်ထုကို အလိုလိုမုန်းတီးတဲ့သူ... ဒါပေမယ့်ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှပြောမပြပဲနေတတ်အောင် ကြိတ်မှတ်နေခဲ့၏... ဒုက္ခတွေအမျိုးမျိုးဆင့်နေတဲ့သူမအား ဘူးလေးရာဖရုံဆင့် သူဘာမှအပူတွေမပေးချင်ပါ... ထို့ကြောင့် အဆင်ပြေသလိုကြိတ်မှိတ်ပြီးသာနေခဲ့သည်... စောင်ကိုတစ်ကိုယ်လုံးလုံနေအောင်ခြုံ, ခေါင်းအုံးနဲ့ခေါင်းကိုသေချာဖိပြီးတော့အိပ်ရင် ဒါတွေကိုမေ့သွားတာပဲမဟုတ်လား...
ဒါပေမယ့် ဗိုက်ဆာတဲ့ဒုက္ခထက် အိပ်မပျော်နိုင်ခြင်း၊ အိပ်ပျော်သွားရင်အိမ်မက်ဆိုးတွေဝင်လာတာကပို၍ဆိုးပါသည်... အဖေဖြစ်သူဆုံးသွားတဲ့ည အဖြစ်အပျက်ပုံရိပ်တိုင်းက ကိုးနှစ်အရွယ်သူ့ရဲ့မှတ်ဉာဏ်ထဲမှာထင်ထင်ရှားရှား...
YOU ARE READING
The Revenge Equation ☠
Fanfiction"လူတွေကကောင်းကင်ဘုံကိုတော့ရောက်ချင်ကြတယ်... ဒါပေမဲ့ ဘယ်သူမှမသေချင်ကြဘူး... ဘယ်လောက်ရယ်စရာကောင်းတဲ့ဟာသလဲ..." "An Eye For An Eye" #Myanmarsub