Episode 19

316 81 25
                                    

"Shit!!!.... Shit!!!..."

တိုက်ဆိုင်နိုင်လွန်းသည်လို့ပဲ ပြောရမလား... မိုထယ်ဂူရဲ့ကြေးစားဂိုဏ်းကလူတွေရော Black Phoenix  ဂျိုးဇက်ရဲ့လူတွေကပါ သူတို့ကိုဖမ်းဖို့အတွက် နေရာတွင်ရောက်နေကြပြီ... မနည်းလှသောလူအင်အားနဲ့ ကားဖြင့်ပါတိုက်ပြီး ဖမ်းဖို့ကြိုးစားတာကိုကြည့်ခြင်းအားဖြင့် ကျိန်းသေပေါက်ရအောင် ဖမ်းမည့်အရေးပင်...

အနီးနားကလူတွေက ပျက်ဆီးသွားသည့်ကားကိုကြည့်ပြီး ဖုန်းတွေခေါ်နေကြသလို အကူအညီလိုလားမေးနေသည်... ကိုယ့်ပြဿနာရဲ့အတိမ်အနက်ကို ကိုယ်ကိုယ်တိုင်သာအသိဆုံးမို့ လမ်းဖယ်ပေးဖို့သာပြောလိုက်သည်... အေးဂျင့်ဂျွန်က လူတွေရှုပ်နေတဲ့ကမ်းခြေဘက်ကိုပြေးသွားတာဖြစ်လို့ သူကတော့ဈေးဆိုင်တန်းတွေ စားသောက်ဆိုင်တွေရှိရာဘက်ကိုသာ ဦးတည်လိုက်တော့သည်...

 အေးဂျင့်ဂျွန်က လူတွေရှုပ်နေတဲ့ကမ်းခြေဘက်ကိုပြေးသွားတာဖြစ်လို့ သူကတော့ဈေးဆိုင်တန်းတွေ စားသောက်ဆိုင်တွေရှိရာဘက်ကိုသာ ဦးတည်လိုက်တော့သည်

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

နောက်ကလိုက်နေတဲ့သူတွေက သူတို့နှစ်ယောက်နောက်ကို အလောတကြီးပြေးလိုက်ခြင်းမရှိ

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

နောက်ကလိုက်နေတဲ့သူတွေက သူတို့နှစ်ယောက်နောက်ကို အလောတကြီးပြေးလိုက်ခြင်းမရှိ... လမ်းကိုသွက်သွက်မြန်မြန်လျှောက်၍သာ ရယ်ရယ်မောမောဖြင့်လိုက်လာသည်... သူပဲစိတ်ထင်နေလို့လားမသိ... ထောင်ချောက်ထဲကိုရောက်နေတဲ့သားကောင်ကဲ့သို့ အချိန်တန်ရင်ဖမ်းမိမှာသေချာနေသည့်ပုံစံ... 

The Revenge Equation ☠Donde viven las historias. Descúbrelo ahora