Episode 14

280 95 29
                                    

ပတ်ဝန်းကျင်သည်ခြောက်သွေ့ခြင်းမရှိ စိုစွတ်စွတ်ခံစားမှုတွေရနေသည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ပတ်ဝန်းကျင်သည်ခြောက်သွေ့ခြင်းမရှိ စိုစွတ်စွတ်ခံစားမှုတွေရနေသည်... လေဝင်လေထွက်နည်းလွန်း၍ ပိတ်လှောင်ထားသောလေထုသည် သန့်စင်ခြင်းမရှိ... အောင့်သိုးသိုးအငွေ့အသက်တို့ရနေသည်...

ကြိုးဖြင့်လက်နှစ်ဖက်ကိုချည်ပြီး တွဲလောင်းချခံထားရသောအနေအထား... သူ့ရဲ့ခန္ဓာကိုယ်အနှံ့အပြားတွင် နာကျင်နေတဲ့ခံစားမှုတွေကို ကောင်းကောင်းရနေပေမယ့် မျက်နှာပေါ်တွင်တော့ ကျေနပ်အားရနေသည့်အသွင်ကိုဆောင်ကာ နှုတ်ခမ်းတွေကတွန့်ချိုး၍နေတုန်း...

မိုထယ်ဂူရဲ့ သွေးပျက်ခြောက်ခြားနေသည့်မျက်နှာ၊ ဖြူဖျော့ကာသွေးမရှိသည့်မျက်နှာ၊ ရူးသွပ်ခါနီးအပြုအမူတွေကိုတွေ့လိုက်ရတာ သူသိပ်ကိုသဘောတွေ့နေသည်... သူ့အတွက် အောင်မြင်မှုအကြီးကြီးရလိုက်သလိုတလှိုက်လှိုက်ဖြင့်ပျော်ရွှင်နေသည်... ဒီလူကိုဒီပုံစံနဲ့မြင်ရဖို့ သူဘယ်လောက်ကြိုးစားခဲ့ရတာမို့လို့လဲ... ဒါတောင်မှ ဒါကခပ်ပါးပါးရိုက်ချက်တွေထဲက တစ်ခုပဲရှိသေးတာ... မိုထယ်ဂူဘဝပျက်ပြီး စုတ်ပြတ်သွားမယ့်နေ့တွေကိုမြင်ရဖို့ သူမစောင့်နိုင်တော့ပါ...

ခေါင်းဆောင်ဂျိုပြောသလို လက်စားချေတယ်ဆိုတဲ့အချင်းအရာမှာ ညီမျှခြင်းတစ်ခုလို နှစ်ဖက်လုံးအထိနာမည်၊ အဆိုးရွားဆုံးတွေဖြစ်သွားနိုင်မည်ဆိုတာကိုလည်း သူသဘောပေါက်သည်... ဒါပေမယ့် သူ့ဆီမှာတွယ်တာစရာ၊ ငဲ့ကွက်စရာဘယ်သူမှရှိမနေပဲ အနှောင်အဖွဲ့ရှင်းသည်... မိုထယ်ဂူမှာက ရာထူး၊ မိန်းမနဲ့သားသမီး၊ ကြွယ်ဝမှုတွေအပေါ် ထည့်တွက်စဉ်းစားရသည့်သူပင်...

ကိုယ့်ကိုယ်ကို အနှောင်အဖွဲ့မရှိသောသူဟုတွေးကာကျေနပ်နေတုန်း အာရုံထဲကိုအလိုလိုဝင်ရောက်လာသည့်သူတစ်ယောက်... အဲ့ဒီလူကိုဘာကြောင့် အချိန်တိုအတွင်း သူ့ဘဝထဲကိုလိုက်လိုက်လျောလျောကြီး ဝင်ခွင့်ပေးမိသည်လဲမသိ... သူခတ္တခဏ ဦးနှောက်ပျက်သွားတုန်းမှာ ဒီလူကသူ့ရဲ့အာရုံထဲ၊ ရင်ဘတ်ထဲမှာအပြည့်အသိပ်နေရာယူပြီးသားဖြစ်နေခဲ့ပြီ... တစ်ကယ်လို့သူသာ တစ်ခုခုဖြစ်သွားခဲ့ရင်... သူတစ်ခုခုဖြစ်သွားလို့ ဒီလူနာကျင်ခံစားရမှာကိုတွေးမိတော့ အသက်ရှူမဝတော့အောင် ကျဉ်းကြပ်လာခဲ့သည်...

The Revenge Equation ☠Where stories live. Discover now