အသက်ရှူသံပြင်းပြင်းဖြင့် အိပ်ပျော်နေသော ထင်ရှားတဲ့မေးရိုးပိုင်ရှင်ကို သူသေသေချာချာတစ်ဝကြီးကြည့်နေမိသည်... ဒီလောက်အထိ နီးကပ်သောအနေအထားဖြင့် ထိုမျက်နှာအား လွတ်လွတ်လပ်လပ်မကြည့်ခဲ့ဘူးပေ...
ကိုယ်ပေါ်တွင် တစ်ပိုင်းတစ်စနေရာယူထားသော ခြုံစောင်ခပ်ထူထူကို မျက်နှာပေါ်ရုံဆွဲခြုံလိုက်တော့ တစ်ဖက်လူကမျက်ခုံးတန်းတွေစုကျုံ့သွားသည်...
Breakfast!!!
အခန်းရှေ့မှအသံကြောင့် Hwan အရင်ဆုံးအိပ်နေရာမှခေါင်းထောင်သွားကာ သူ့အပေါ်ကို ကိုယ်တစ်ပိုင်းနီးပါးဖိအိပ်ထားသည့် အေးဂျင့်ဂျွန်ကိုဖြည်းဖြည်းတွန်းနိုးလိုက်သည်... ဒါပေမယ့် သူ့အပေါ်ကနေဖယ်မသွားပဲ ပိုတိုး၍ဖက်လာခြင်းကြောင့် မေးဖျားနေရာလေးအား တစ်ချက်ဖိနမ်းလိုက်ပြီး...
"အခန်းရှေ့မှာ... မနက်စာလာပို့ပေးနေတယ်... ပို့ပေးဖို့မှာထားသေးလား..."
"ဟင်...... ဟင့်အင်းးးး မမှာထားပါဘူး......"
ကွဲအက်သောအသံဖြင့်ပြန်ဖြေလာပြီး Hwan ရဲ့အပေါ်က ခန္ဓာကိုယ်ကိုကြွပေးကာ ထထိုင်လိုက်သည်... Hwan ကတော့ကုတင်ပေါ်ကနေဆင်းသွားကာ တံခါးပေါက်နားကိုကပ်သွားသည်... လိုအပ်တာထက်ပိုပြီးသတိအနေအထားဖြစ်နေ၍ Hwan ရဲ့လှုပ်ရှားမှုတွေကို မမှိတ်မသုန်ကြည့်နေတော့ တံခါးနားကိုမလာနဲ့ဦးဆိုပြီးအချက်ပြလာသည်...
"Who's there?"
"I am here to serve breakfast. Can you please open the door?"
"Just leave it there."
".................."
"You can leave..."
တံခါးနားမှမခွာသေးသည့်သူကို သွားဖို့ထပ်ပြောလိုက်တော့မှပဲ ထိုနေရာမှထွက်သွားတော့သည်...
"ဘာတွေစိုးရိမ်နေတာလဲဘေဘီ..."
နာမ်စားကိုမကြိုက်၍ မျက်စောင်းတစ်ချက်ကဒိုင်းခနဲပင်...
"ကြိုမှာမထားပဲ အခန်းရှေ့အထိလာပြီး Serve လုပ်တာမူမမှန်ဘူး... ခင်ဗျားပြောလေ... မစိုးရိမ်သင့်ဘူးလား... ဒီအစားအသောက်တွေကိုလည်းမစားသင့်ဘူး..."
"ကိုယ်စိုးရိမ်နေတာလည်းတစ်ခုရှိတယ်... ခုနကတံခါးဖွင့်လိုက်လို့... အပေါ်ပိုင်းအဝတ်မပါတဲ့ဘေဘီ့ကို ကိုယ်မဟုတ်တဲ့တခြားသူမြင်သွားမှာ..."
YOU ARE READING
The Revenge Equation ☠
Fanfiction"လူတွေကကောင်းကင်ဘုံကိုတော့ရောက်ချင်ကြတယ်... ဒါပေမဲ့ ဘယ်သူမှမသေချင်ကြဘူး... ဘယ်လောက်ရယ်စရာကောင်းတဲ့ဟာသလဲ..." "An Eye For An Eye" #Myanmarsub