"အပိုင်း၁" "အပိုင်း၂"

241 11 13
                                    

"ချစ်ရပါသော ဒေဝီ ဤဘဝ၌မပေါင်းစုံရလျှင် တခြားဘဝ၌ပေါင်းစုံကြရအောင်..."

ထိုစကားအားပြောပြီးသည်နှင့် အိမ်ရှေ့စံမင်းကြီး သည် ရေထဲသို့ကျ၍ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့လေတော့သည်။ ထိုအိမ်ရှေ့စံမင်းကြီး၏ သတင်းအစနကိုပင်မရရှိခဲ့ပါတော့ချေ။ သို့ပေမယ့် အသက်ရှင်နေသေးသည်ကိုတော့ သိရသည်။

*
*
*
*
*
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ တစ်နည်းအားဖြင့်လွတ်လပ်ရေးနေ့...။ ဤနေ့ရောက်လာတိုင်း လူတိုင်းက ကစားပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကြသည်။ ထိုကစားပွဲများတွင်။ ကလေး...၊လူကြီး...၊လူလတ်ပိုင်းတွေက အစ ကစားကြသည်။ ထိုနေ့ကို မြန်မာလူမျိုးတို့က ပျော်ရွှင်စွာဖြတ်သန်းကြသည်။

ကလေး တို့ဟာလည်း အာလူးကောက်၊ ပြေးပြိုင်၊ ကြက်ဖခွတ်တို့ကို ကစားကြသည်။

လူကြီးတွေကတော့ ထုန်စီးထိုး၊ ကြိုးဆွဲ တို့ကိုကစားကြသည်။

လူလတ်ပိုင်းတွေကတော့ ကလေးနဲ့လူကြီးရောပြီးကစားကြသည်။ ထိုလူလတ်ပိုင်းထဲတွင် ပြည့်မြတ်ကျော်စွာလည်း ပါဝင်ပေသည်။ ပြည့်မြတ်ကျော်စွာသည် တစ်ရပ်ကွက်လုံး၏ မျက်နှာဖုံးပင်ဖြစ်ချေ၏။ ယခုလည်း ကလေးတွေနဲ့ အပြိုင် ကြက်ဖခွတ်တိုင်း ပြိုင်နေကြသည်။ အားရပါးရပင် ဖြစ်ချေ၏။

ကြက်ဖတိန်ညှင် တောကိုဝင်
မောင်ရင်လာလေးနှင့်ပစ်
ပစ်ပါနဲ့မောင်ရင်ရယ် ကကြက်အတက်ဆူးလို့ သေပါ့မယ်
ဘယ်ဘက်ဆူးဆူး ညာဘက်ကဆူးဆူး
ခွပ်လိုက်ကြစို့ သူငယ်ချင်း
အောင့် အီးအီး အွတ်!!!

Hinter Diary (S1 ) (Complete)Wo Geschichten leben. Entdecke jetzt