အပိုင်း၁၁

7 2 0
                                    

အဖေ အဖေဆိုသည်မှာ အိမ်တစ်အိမ်၏ အိမ်ထောင်ဦးစီးဖြစ်ပြီး အိမ်၏ တာဝန်၊ စားဝတ်နေရေး၊ စီးပွားရေး အရာအားလုံးကိုပြုလုပ်ပေးတဲ့လူမှာ အဖေသာလျှင်ဖြစ်သည်။ မည်မျှပင် မူးနေပါစေမူ သားသမီးအတွက် ခေါက်ဆွဲကြော်ပါတတ်တဲ့အဖေသာလျှင် ဖြစ်သည်။

အဖေနှင့်တူတူ လက်ဖက်ရည်ဆိုင်လိုက်ပြီး အဖေလက်ဖက်ရည်ခွက်၏ အောက်ခံ ပုဂံပြားသေးသေးလေးနဲ့ ငဲ့ပေးတဲ့အဖေ့ရဲ့ လက်ဖက်ရည်လေးဟာ အရသာအရှိဆုံးပါပင်။ သားသမီး အိပ်စက်မှ တိုးတိုးကလေး အနမ်းပေးသူဟာလည်းအဖေပင်။ အသည်းမာသောအဖေပင်၊ သို့ပေမယ့် သားသမီးများအပေါ်တွင်တော့ နူးညံ သိမ်မွေ့သွားတတ်သည်။

အဖေနှင့်အမေ မည်သူအား ပို၍ချစ်သနည်း မေးကြတဲ့အခါတွင်လည်း အမေဟုသာဖြေတတ်တာကို ကြိတ်ခံစားပြီး ပြုံးနေသူဟာလည်း အဖေပင်။ မချစ်ပြတတ်သောအဖေပင် ဖြစ်ချေသည်။ အဖေ၏ ချွေးတစ်စက်ဖြင့် စားသောက်ခဲ့ရသော သားသမီးသည် ကမ္ဘာတွင် ကံအကောင်းဆုံးဖြစ်သည်ဟုလည်း အဖေတွေးထင်၍ထားသည်။

ငါ့သားလေးစားဖို့အတွက်၊ ငါ့သမီးလေးဝတ်စားကောင်းလှလေးတွေ ဝတ်ဖို့အတွက် အလုပ်လုပ်နေရသူများမှာလည်း အဖေပင်။ မည်သို့ပင်ဖြစ်စေကားမူ အဖေသည် အဖေသာလျှင်ဖြစ်သည်။ သားသမီးများ၏ ဒုက္ခဆင်းရဲများကို ကာကွယ်ပေးသည် တံတိုင်းကြီးမှာ အဖေသာလျှင်ဖြစ်ပေ၏။ ဖခင်များသည် သားသမီးများ မမွေးဖွားမီကာလ အမေ၏ ရင်ခွင်ထဲက ကလေးများကို စကားတွေ တစ်တွတ်တွတ် ပြောနေသူဟာလည်း အဖေပင်။ တွေးပူနေသူဟာလည်း အဖေပင်။

"အ... အဖေ.."

ဟင်္သာ ၏ မျက်နှာတင်းမာသွားသည်။ မာထန်၍သွားသည်။ ဒါ ဟိုတစ်ခေါက် မှတ်ပုံတင်ထဲက ဦးကျော်စွာ ဆိုသည့်လူလား။

"ထောင်က ထွက်လာတဲ့အဖေ့ကို လာကြိုမှပေါ့၊ သားအမေရော "

ပြည့်မြတ်ကျော်စွာ နာကြီးသော မျက်လုံးများဖြင့်ကြည့်လိုက်သည်။

"အဖေ့ကို ဒီအိမ်က မကြိုဆိုဘူး!!"

တင်းမာနေသောအခြေအနေကြောင့် ဟင်္သာ မျက်နှာပျက်သွားသည်။ ခန္ဓာကိုယ် အားမရှိသည့်ကြားမှ ထရပ်လိုက်သည်။ သူ၏ သွေးကွက်ကြီးကိုကျော်ကာ အိမ်အပြင်သို့ထွက်သွားသည်။ ဦးကျော်စွာသည် အိမ်ရှေ့မှနေ၍ ရပ်ကာစကားပြောနေခြင်းဖြစ်သည် အိမ်ထဲမဝင်သေးပါ။

Hinter Diary (S1 ) (Complete)Where stories live. Discover now