အပိုင်း၂၆

3 0 0
                                    

ဟင်္သာကမ္ဘာမှတိုင်းပြည်နေရာတစ်ခုတွင်။ တြိဂံနယ်မြေနှင့် ဗဟိုနယ်မြေကြား စစ်ဖြစ်နေကြသည်။ ထိုစဥ်ပွဲ၌ ခမည်းတော်သည် တိရစ္ဆာန်သိုင်းကို သုံးကာ စစ်ပွဲ၏ လေဟာနယ်ထဲတွင် လေဟုန်ကိုစီး၍ နေသည်။ ဟင်္သာသည် ထိုစစ်ပွဲ အတွင်းတွင် မြင်းပေါ်မှ ကြည့်နေသည်။ ထိုစစ်ပွဲ၌ ညီတော် တင်္တသာဝံ မပါပေ။ ညီတော် တင်္တသာဝံသည် ထိုစစ်ပွဲ၏ အခြေအနေများကိုလည်း စိတ်မဝင်စား။

ညီတော်တင်္တသာဝံအား လွန်စွာ စိတ်ဆိုးနေသည်က ခမည်းတော်။ ခမည်းတော် စိတ်ဆိုးလည်း စိတ်ဆိုးချင်စရာ‌ပေ။ တင်္တသာဝံသည် မိမိတို့၏ တိုင်းပြည် စစ်ပြုနေသည်ကို တစ်ချက်ကလေးမျှ ငဲ့မကြည့်ပေးပေ။ ထိုကြောင့်လည်း ခမည်းတော်သည် စိတ်ဆိုးနေပေသည်။ ဟင်္သာသည် တိုင်းပြည်၏ မှူးမတ်များ စစ်ပြုနေသည်ကို စိတ်မရှည်ပေ။ တြိစွာမီကို ဟင်္သာပိုင်ဆိုင်ချင်လှပြီ။

ထိုကြောင့် ဟင်္သာသည် မြင်းပေါ်မှဆင်းလိုက်၏။ စစ်ပွဲထဲသို့ ခြေတစ်လှမ်းချလိုက်သည်။ ပြီးနောက် နောက်တစ်လှမ်း ပြီးတစ်လှမ်း၊ တစ်ဖြေးဖြေးဖြင့် ခြေလှမ်းများဟာ မြန်ဆန်လာပေသည်။ ဖြေးဖြေးချင်း လမ်းလျှောက်နေရာမှ ပြေးနေသကဲ့သို့ ဖြစ်သွားသည်။ အရှေ့၌ ရှိသော ရန်သူ၏ မှူးမတ်များကို နူးညံသော လက်ဖြင့် ထိတွေ့ကာ ပြေးနေသည်။ ထိုချိန်တွင် ဟင်္သား လက်နှင့် ထိသော မှူးမတ်တို့ မူးမေ့ လဲကျကုန်တော့၏။

ထိုစဥ် ဟင်္သာဆီသို့ အတိအလင်းဝင်လာသော တြိစွာမီ၏ ညီမလေးဆီမှ လေသိုင်း။ တြိစွာမီ၏ ညီမလေးသည် လက်တစ်ဖက်တွင်  ယပ်တောင်အား ကိုင်ထားသည်။ ယပ်တောင်သည် အရွယ်အစားနှင့် မှ မလိုက်ပါပေ စွမ်းအားမှာ ကြီးသည်။ ထိုလေသိုင်းကြောင့် ပြေးနေသော ဟင်္သာအနည်းငယ်တော့ လွင့်ချင်သလိုဖြစ်သွားသည်။

"တြိတိမ္ဘီ ကို လာမစမ်းနဲ့"

ထိုအခါမှသာလျှင် ဟင်္သာသည် တြိစွာမီ၏ ညီမ နာမည်အား တြိတိမ္ဘီဟု သိခဲ့၏။ တြိတိမ္ဘီ သည် ဆံနွယ် အပြာများရှိ၏။ မျက်ဝန်းများသည် လှသည်။ သို့သော် တြိစွာမီနှင့် မတူသည်က မနူးညံခြင်းပင်။

Hinter Diary (S1 ) (Complete)Where stories live. Discover now