အပိုင်း၁၇

9 2 0
                                    

ညနေခင်း၏ နေရောင်ဆည်းစာ၌ စီးကရစ်ကို လက်ချောင်း၌ ညပ်ကာ စီးကရစ်သောက်သုံးနေသူ တစ်ဦးရှိသည်။ ထိုသူက မည်သူမျှပင် မဟုတ် တြိစွာမီတိုင်းပြည့်၊ဗဟိုတိုင်းပြည်၊ခေတ်ညီတိုင်းပြည်တို့ကို အုပ်ချုပ်မင်းပြုနေသည့် ဟင်္သာ ပင်ဖြစ်သည်။ ဟင်္သာ သည် ဘုရင်များထိုင်နေသော ပုလ္လင်ပေါ်သို့ ထိုင်ကာ စီးကရစ်ကိုသောက်သုံးနေခြင်းပင်တည်း။

ထိုစဥ် ဟောခန်းထဲသို့ရောက်ရှိလာသော တြိစွာမီတိုင်းပြည်၌ တစ်ချိန်ကအုပ်ချုပ်ဖူးသော ကျွန်နုပ်၏ ဒေဝီ၊ အထူးသဖြင့် ဗဟိုတိုင်းပြည်၏ မိဘုရား။ မိဘုရားကို မည်သူကများတားနိုင်မည်နည်း ဘုရင့်၏ ဟောခန်းထဲသို့ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်လို့ရသောသူမှာ ဘုရင်နှင့် မိဘုရားသာလျှင် ရှိသည်။

ထိုတြိစွာမီဒေဝီသည် ခြေလှမ်းကြီးများဖြင့် အရေးတကြီးသုတ်ဖျာ ဟောခန်းထဲသို့ပြေးဝင်လာသည်။ ထိုဟောခန်းထဲ၌ ရှိနေသောသူမှာ နှစ်ဦးသာလျှင် ရှိသည်။ တစ်ဦးက ဗဟိုတိုင်းပြည်၏ ဘုရင်ဟင်္သာ ၊ နောက်တစ်ဦးက ဗဟိုတိုင်းပြည်၏ အိမ်ရှေ့စံ ဟင်္သာ၏ နောင်တောင် တင်္တသာဝံပင် ဖြစ်သည်။ ယခုအခါ ဟောခန်းထဲ၌ သုံးဦးပင်ဖြစ်ချေခဲ့သည်။ တစ်ဦးပေါ်ပေါက်လာခဲ့သည် ဤသည်မှာ တြိစွာမီဒေဝီ ကျွန်နုပ်၏ ဇနီး။

"ဘာပြောစရာရှိလို့လဲ ငယ်ကျွန်!! "

ကျွန်ုပ်သည် တြိစွာမီဒေဝီအား "ငယ်ကျွန်"ဟုခေါ်သည်။ ထိုအခေါ်အဝေါ်ကို တြိစွာမီ တိုင်းပြည်ကို သိမ်းပိုက်ပြီးမှ ဒေဝီအား အရယူကာ မင်္ဂလာဦးည၌ စတင်၍ ခေါ်ဆိုခဲ့ခြင်းဖြစ်မည်။ ကျွန်ုပ်က ​ဒေဝီကို အားနာနေရမည်တဲ့လား? မအားနားနိုင်ပါပေ။ အဘယ်ကြောင့်ဆိုသော် ထိုဒေဝီ၏ တိုင်းပြည်သည် ကျွန်ုပ်၏ လက်ထဲတွင်ရှိသည်။ ထိုတိုင်းပြည်ကို အုပ်ချုပ်သော ဘုရင်မကိုလည်း ကျွနုပ်ပိုင်သည် ထိုကြောင့်သူသည် ကျွန်ုပ်၏ ငယ်ကျွန်ဖြစ်သည်။

"ငယ်ကျွန်လို့ မခေါ်စမ်းနဲ့ မကြိုက်လိုက်တာ၊ ကျွန်တော်မျိုးမက အသင့်ရဲ့ ဇနီးပါ"

"ဟားဟားဟား!!"

ကျွန်ုပ် စိတ်လိုလက်ရ ရယ်ချပစ်လိုက်သည်။ထိုအခါတွင် ဒေဝီသည် မျက်နှာပျက်ကာ ကျွန်ုပ်၏ မျက်စိနီနီတို့ကို စိုက်ကြည့်၍လာသည်။

Hinter Diary (S1 ) (Complete)Where stories live. Discover now