အပိုင်း၈

10 3 0
                                    

ကြိုဆိုမည့်သူမရှိ ရင်းနှီးလှသူ မရှိသော နေရာကြီးထဲတွင် အိပ်လိုက်ထလိုက်လုပ်နေတာဟာ တစ်လနီးပါးရှိခဲ့ပြီ။ ကြိုဆိုမည့်သူမရှိဘူး ဆိုပေမယ့် ဝမ်းမနည်းမိပါ ဘာလို့ဆို ကြိုဆိုမည့်သူ မရှိပါဘဲနှင့် ကျုပ်တွင် ကျုပ်ကိုသိပ်ချစ်တဲ့ အချစ်ဆုံး သူငယ်ချင်းလေး ပြည့်မြတ်ကျော်စွာရှိပါသေးသည်။

လူတစ်ယောက်နိုးနိုးခြင်းစတင်ပြုလုပ်ရမည့်အရာကို ပြုလုပ်ဖြစ်သည်။ ထိုသည်မှာ မျက်နှာသစ်ခြင်း၊ သွားတိုက်ခြင်း၊ မနက်စာ စားခြင်းတို့ပေါ့။ ထိုအရာများကိုလုပ်ပြီးတော့ Hotelရဲ့အောက်ဖက်ကိုဆင်းလာခဲ့လိုက်သည်။ ဆင်းလိုက်ခြင်းမှာပင် Hotelဝန်ထမ်းကောင်မလေးက ဟင်္သာ ၏အနားကို စကားတစ်ခုခုပြောရန် လာခဲ့ချေသည်။

"ဟိုလေ...အစ်ကိုမင်္ဂလာပါ..."

"အော် ပြောလေ..."

"အစ်ကိုဒီ Hotelမှာ နောက်တစ်လလောက် နေအုံးမယ်ဆိုရင် ဟိုမှာ ငွေချေဖို့ ပိုက်ဆံကလေးရှင်းပေးပါနော်...၊ မနေတော့ဘူးဆိုရင်လည်း လက်မှတ်ကလေးထိုးပေးပါ မှတ်ပုံတင်ပါတယ်မို့လား အစ်ကို"

ဟင်္သာ မျက်စိပြူး၍သွားခဲ့သည်။ ထိုကောင်မလေးက ဒီကမြန်မာ နိုင်ငံမှာ ငယ်စဥ်ကတည်းက မွေးခဲ့ဖူးသူရဲ့ ကတ်ပြားကိုတောင်းခံနေခြင်းလား။ ဟင်္သာ မှာ ဒါမျိုးမှ မရှိဘဲ။ ဟင်္သာ လိမ်ဖို့ရန်ပြင်လိုက်တော့သည်။

"ဒီမှာ နောက်တစ်လလောက်ဆက်နေမယ်၊ မှတ်ပုံတင်က ပျောက်သွားတယ်၊ အဲတော့ ငါ့ဇာတိရောက်မှ အသစ်ပြန်လုပ်ရမှာ.."

"အော် ဟုတ်ကဲ့ပါအစ်ကို ၊ဒါဆိုဟိုဖက်ကိုလိုက်ပြီး လက်မှတ်ကလေးရေးထိုးပေးပါနော်..။"

ဟင်္သာ မည်သည်မှ မပြောတော့ဘဲ Hotel ကောင်တာနားသို့သွားလိုက်သည်။ ဟော်တယ် ဝန်ထမ်းမိန်းကလေးများ ပေးအပ်လာသော စာရွက်ပေါ်တွင် လက်မှတ်ရေးထိုးပေးလိုက်သည်။ ဟင်္သာ မှာမူ မြန်မာစကား ပြောတတ်ပေမယ့် မြန်မာစာ အနည်းငယ်သာ ဖတ်ရှူတတ်သည်။ ထိုသည်မှာလည်း လေ့လာကာ သင်ထားသောကြောင့်ဖြစ်သည်။

ထိုဟော်တယ်မှ ထွက်လာခဲ့ပြီး ပထမဆုံးသွားရမည့်နေရာဟာ ပြည့်မြတ်ကျော်စွာ၏ အိမ်ပင်တည်း။ ပြည့်မြတ်ကျော်စွာသည်ကား တစ်ခြားသူမဟုတ်ပါပေ ကျနော့်၏ အချစ်ဆုံးဟုလည်း ဆိုလို့ရသလို သူ့၏အချစ်ဆုံးသူငယ်ချင်း ဖြစ်တဲ့ကျနော်လို့ လည်းဆိုလိုရပါတယ်။ ဘာလို့ဆို သူနဲ့ကျနော်က တစ်ယောက်တည်းမို့။

Hinter Diary (S1 ) (Complete)Where stories live. Discover now