အပိုင်း၇

21 4 0
                                    

{A/N ဘာသာရေးဆိုင်ရာ အခြေအနေများပါဝင်လို့ မကြိုက်ပါက ကျော်သွားပါရန်။ တောင်းဆိုပါသည် ခင်ဗျာ!!}

"သူငယ်ချင်းဖြစ်ချင်ရင်တော့ရတာပေါ့ ဟင်္သာရဲ့။"

ပြည့်မြတ်ကျော်စွာ၏ စကားကို ဟင်္သာ ခေါင်းခါပြလိုက်သည်။

"မဟုတ်ဘူးကျော်စွာရဲ့.၊ ကျုပ်ကမင်းရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်ချင်တာ၊ သူငယ်ချင်းမဟုတ်ဘူး။"

"ချစ်ကလည်း လက်ခံလိုက်ပါ၊ ဟင်္သာ ဒီလောက်ပြောနေတဲ့ဟာ။"

ထက်လင်းဦးက ခပ်ရေးရေးကလေးဆိုတော့ ဟင်္သာ ကခေါင်းငြိမ့်ပြလိုက်လေတော့သည်။ ပြည့်မြတ်ကျော်စွာ၏ တစ်သက်တာဝယ် အချစ်ဆုံးသူငယ်ချင်းဟူ၍မရှိခဲ့ဖူးပါ။ ယခုအခါတွင်တော့ အချစ်ဆုံးသူငယ်ချင်းဖြစ်ချေခဲ့လေပြီ။

"ဒါနဲ့ အချစ်ဆိုတာဘယ်လိုမြင်လဲ။"

ထက်လင်းဦးက မေးလာပြန်သည်။ ထိုအမေးကိုဖြေသောသူမှာ ဟင်္သာ ပင်ဖြစ်ချေ၏။

"အချစ်ဆိုတာ ခင်မင်ရင်းနီးမှုဘဲ။"

"အင်းနော်၊ ဟုတ်သားဘဲ၊ မခင်မင်ဘဲ ပေါင်းစပ်လို့မှမရတာ။" ပြည့်မြတ်ကျော်စွာက ထိုကဲ့သို့ပြောလိုက်တော့၊ အမေရော၊ မောင်ရော၊ ဟင်္သာ ရောက ခေါင်းငြိမ့်ပြလာသည်။

"ဒါဆိုတစ်ခြားတစ်နေရာတွေ ဆက်သွားကြရအောင်လေ။"

"အင်း"2

နှစ်လုံးစလုံးမှ ပြိုင်တူအသံထွက်ပေါ်လာသောအခါ၊ ပြည့်မြတ်ကျော်စွာ သည် အားရပါးရ ရယ်ချလိုက်လေတော့သည်။

ယခုအချိန်တွင်ရောက်ရှိလာသည့်နေရာသည်ကား ကုသိုလ်တော်ဘုရားနှင့် သိပ်မဝေးကွာလှသော "ကျုံးနှင့် မြနန်းစံကျော်ရွှေနန်းတော်"ပင်ဖြစ်ချေတော့၏။ ပြည့်မြတ်ကျော်စွာသည် ရွှေနန်းတော်ထဲ့သို့ မဝင်ဘဲ ကျုံးပြင်မှာသာ လှည့်ပတ်ကာ ကြည့်ရှုနေခဲ့သည်။ အရင်နေရာတွေတုန်းကလိုဘဲ ပါးစပ်ကလည်း သမိုင်းကြောင်းများကိုပြောနေပါသေးသည်။

"မန္တလေးမြို့ကို ရောက်တဲ့ ပြည်တွင်းခရီးသားတွေက မြန်မာတို့ရဲ့ ရှေ့ခတ်က ကိုယ့်ထီး ကိုယ့်နန်းနဲ့၊နေထိုင်အုပ် ချုပ်ခဲ့ပုံကို၊ မြနန်းစံကျော် ရွှေနန်းတော် ကြီးကို နောက်ခံသမိုင်းအကြောင်းထားပြီး လွမ်းမော တတ်ကြတာလေ၊ မောင့်ရဲ့ "

Hinter Diary (S1 ) (Complete)Where stories live. Discover now