အပိုင်း၁၄

7 4 0
                                    

လရောင်၏ အောက်၌ထိုင်ကာ စဥ်းစားနေသော သူမှာ တစ်ယောက်တည်း သာလျှင်ရှိသည်။ ဤသည်မှာ မည်သူမှမဟုတ် ဟင်္သာ သာလျှင် ဖြစ်သည်။ ဟင်္သာ သည်ဆွေးသည်။ ဟင်္သာ သည်လွမ်းသည်။ သေချာတာ တစ်ခုက ဟင်္သာ တွင်လွမ်းရမည့်သူရှိသည်။

ကျော်စွာ၏ အိမ်ရှေ့ဖက်မှနေ၍ လမင်းကြီးကိုတစ်ချက်မျှကောက်ကြည့်လိုက်သည်။ မည်သည်မှ မလုပ်ပါပင် ပြုံးလိုက်သည်။ ဟင်္သာ ထိုကမ္ဘာကြီးထဲတွင် နေရသည်ကို ပျော့်မွေ့သည်။ သို့သော် ဟင်္သာ တစ်ခုတော့ စိတ်ပျက်မိသည်။ ဤသည်မှာ မီးပျက်ခြင်းပင် ဖြစ်သည်။

ဟင်္သာ သည် အိမ်ရှေ့ဖက်မှနေ၍ ဖုန်းကိုကောက်ကြည့်လိုက်သည်။ အချိန်ကား ၁၀ နာရီခွဲ ဖြစ်သည်။ ဟင်္သာ သည် ဖုန်းထဲ၌ရှိသော Candy Crush ကို ကောက်ဆော့နေလိုက်သည်။ Candy Crushသည် အဆုံးထိရောက်တောမည်။ ထပ်ဆော့၍ မရတော့ပါ။ ဟင်္သာ သက်ပြင်း ချလိုက်ပါသည်။

ထိုအချိန်ဖုန်းထဲမှ မက်ဆေ့ကလေး တစ်စောင်ဝင်လာသည်။ ဟင်္သာ သည် နာမည်အားလှမ်း၍ ဖတ်လိုက်ချိန်တွင် အမည်နာမမှာ "ပြည့်မြတ်ကျော်စွာ" ပင်ဖြစ်သည်။ ဟင်္သာ ထပ်မံ၍ ပြုံးလိုက်ပြန်သည်။ မက်ဆေ့ ထဲတွင်ရေးထားသောစာကလေးက "ဟင်္သာ အိမ်ထဲဝင်ခဲ့ "တဲ့။

ဟင်္သာဖုန်းကို အင်္ကျီအိတ်ထဲကောက်ထည့်လိုက်ပါသည်။ ပြီးနောက် ခပ်သုတ်သုတ်ပင် အိမ်ထဲသို့ ဝင်လာခဲ့သည်။ အိမ်ထဲ၌ ဖျာခင်းကာ ခြင်ထောင်ချနေသူက ကျော်စွာပင် ဖြစ်သည်။ ဟင်္သာ ကျော်စွာ့အနားသို့ ဝင်သွားသည်။ ဟင်္သာ ကိုင်ထားသော ကြိုးနှစ်ချောင်းထဲမှ တစ်ချောင်းကို လှမ်းယူလိုက်သည်။

"ကျုပ် ချိတ်ပေးမယ်"

ဟင်္သာ မည်သည်မျှမပြော ခေါင်းသာလျှင်ငြိမ့်ပြသည်။ ဟင်္သာ သည်လည်းသံတွင် ခြင်းထောင်အားချိတ်ကာ အပြင်၌ရပ်နေလိုက်သည်။ ခြင်ထောင်ထဲသို့ ဦးစွာဝင်သူက ကျော်စွာပင်ဖြစ်သည်။ ကျော်စွာသည် ခြင်ထောင်ထဲမှ နေ၍ လှမ်း၍အော်လိုက်သည်။

"ဟင်္သာ ဝင်ခဲ့ ခြင်မဝင်စေနဲ့"

"ဟုတ်ကဲ့"

ဟင်္သာ သည်ချစ်စရာကောင်းစွာဖြင့် ခြင်ထောင်အား အနည်းငယ်သာ ဟကာ အတင်းတိုးဝင်လေတော့သည်။ တော်သေးသည် ခြင်တစ်ကောင်မှ မဝင်ပါပေ။

Hinter Diary (S1 ) (Complete)Where stories live. Discover now