အပိုင်း၁၉

9 2 0
                                    

မန္တလေးမြို့ကြီးမှ ထွက်ခွာခဲ့ပြီး ယခုဆိုလျှင် ကော့သောင်းမြို့အနားကိုရောက်တော့မည်။ ယခုရောက်ရှိနေရာသည် ကော့သောင်းမြို့နယ်(မလိဝမ်း ကျေးရွာ)သို့ရောက်ရှိနေသည်။ မန္တလာမင်းကားဟာတော့ မရပ်နားပါပဲ အရှိန်တင်၍ မောင်းနှင်နေသည်။ အချိန်မှာ နံနက်၅:၀၀လောက်။

ဟင်္သာသည် ပြည့်မြတ်ကျော်စွာ၏ နဘေး၌ အိပ်ပျော်နေလျက်ရှိသည်။ ပြည့်မြတ်ကျော်စွာ ဟာတော့ နိုးနိုးကြားကြားရှိသည်။ ဟင်္သာ ၏ပေါင်ပေါ်၌ အိပ်ပျော်နေသော ဇီးကွက်လေးမှာလည်း တုတ်တုတ်မလှုပ်။ ညတုန်းက ဇီးကွက်နဲ့ဟင်္သာ ရန်ဖြစ်လို့ မနဲထိန်းလိုက်ရသေး၏။

ဟင်္သာ သည် ကလေးဆိုးကြီးနယ်ပင်ဖြစ်သည်။ ဟင်္သာသည်ကဗျာဆန်သည်။ ဟင်္သာသည် ပန်းသဏ္ဍာန်ရှိသည်။ ဟင်္သာသည် ထိုမျှလောက်ချစ်စရာကောင်းပေသည်။ ပြည့်မြတ်ကျော်စွာ တစ်ခုတော့ ရိပ်မိသည် ဤသည်မှာ ဟင်္သာ တွင်လူသိမခံသော အရာတစ်ခုရှိသည်။ မည်သည်ဖြစ်သနည်းကို ပြည့်မြတ်ကျော်စွာ မသိ။

ပြည့်မြတ်ကျော်စွာသည် အိပ်ပျော်လျက်ရှိသော ဟင်္သာ၏ မျက်နှာကို တစ်စိမ့်စိမ့်ထိုင်ကြည့်နေမိသည်။ နံနက်ပိုင်းမို့ ကားမီးများထွန်းကာ ဟင်္သာ၏ မျက်နှာကို ကားမီးက အရောင်ဟပ်နေသည်။ ဟင်္သာ၏ မျက်နှာသည် အပြစ်ကင်းစင်လှသည်။ သိပ်ကိုမြတ်နိုးမိသယောင်ရှိသည်။ ဟင်္သာ၏ ပါးပြင်ထက်သို့ ပြည့်မြတ်ကျော်စွာ၏ လက်ချောင်းလေးများရောက်ရှိသွားသည်။ နူးညံလိုက်သောပါးပြင်နူးနူးကလေးက ချစ်စဖွယ်အတိ။

ထိုအခါ၌ အိပ်ပျော်နေသော ဟင်္သာ၏ မျက်လုံးများဖွင့်လာမိသည်။ ပြည့်မြတ်ကျော်စွာပါးပြင်နုနုထက်သို့ကျရောက်နေသော လက်ချောင်းများကို ပြန်ဆွဲယူလိုက်သည်။ မသိသလိုဖြင့် ဟင်္သာအား မေးသည်။

"နိုးပြီလား?!"

"ဟုတ်"

"ကဲ နိုးနိုးကြားကြားနေတော့ မကြာခင် ကော့သောင်းရောက်တော့မယ်"

"ဟုတ်"

*********

🔊🔊*ပင်လယ်ဖက် အစွန်းထွက်တဲ့ မြန်မာမြေ

Hinter Diary (S1 ) (Complete)Where stories live. Discover now