အပိုင်း၁၈

7 1 0
                                    

ပြည့်မြတ်ကျော်စွာ၊ဟင်္သာ၊ဦးကျော်စွာ၊ ပြည့်မြတ်ကျော်စွာ၏အမေနှင့် ဇီးကွက်လေးတို့သည် "မန္တလားမင်း"ကားဂိတ်သို့ရောက်ရှိနေကြသည်။ ပြည့်မြတ်ကျော်စွာ၏ လက်ပေါ်တွင် ဇီးကွက်လေးကို ချီ၍ထားသည်။ ဟင်္သာ၏ ပုခုံးထက်တွင် စလွယ်သိုင်းထားသော အူကလီလီလေးဟာ တည်ရှိ၍နေသည်။

ဦးကျော်စွာ၏လက်ကို ဆုတ်ကိုင်ထားသော သူတစ်ဦးရှိသည် ထိုသူက ပြည့်မြတ်ကျော်စွာ၏အမေ၊ ဦးကျော်စွာမိန်းမပင်ဖြစ်သည်။ ခရီးဆောင်အိတ်များကိုတော့ မိမိတို့၏ ရှေ့၌သာလျှင်ချထားသည်။ ဇီးကွက်လေး၏ အထုတ်ကတော့ ဟင်္သာ၏ အိတ်ထဲတွင်ရှိသည်။

အချိန်မှာ ၂နာရီကျော်ကျော်လောက်ရှိမည်။ မန္တလေး-ကော့သောင်း ကားသည် ညနေ၃နာရီလောက်မှထွက်မည်ဟု လက်မှတ်ထဲတွင်ပါသည်။ လက်မှတ်များမှာတော့ တစ်စောင်က ပို၍နေသည်။ ထိုတစ်စောင်အား အပိုလက်မှတ်ဟုဆိုကာ ငွေကြေးဖြင့် ပြန်လည် လဲလည်လိုက်သည်။

ညနေ၃နာရီမှ ထွက်မည့်ကားဖြစ်သောကြောင့် ပြည့်မြတ်ကျော်စွာတို့ အုပ်စုသည် ဤအတိုင်းသာ ကားထွက်မည့်အချိန်ကို ထိုင်စောင့်နေကြသည်။ ထိုအခါတွင် ပြည့်မြတ်ကျော်စွာ၏ လက်ပေါ်မှ ချီထားသော ဇီးကွက်လေးက စ၍ ဂျီကျတော့သည်။

"ကိုကြီးကျော်စွာ!"

"ပြောလေ"

"သား၊ရေခဲချောင်းစားချင်တယ်"

ဇီးကွက်လေးသည် စကားအား မပီကလာပီကလာ အသံလေးဖြင့် ပြည့်မြတ်ကျော်စွာအား ပြောသည်။ ပြည့်မြတ်ကျော်စွာသည်လည်း သက်ပြင်းတစ်ချက်ချကာ ဇီးကွက်လေးကိုပြောပြန်သည်။

"အင်း၊ ငါလည်းစားချင်နေတာကွ၊ သွားမယ် သွားဝယ်စားမယ်"

"ကျုပ်လည်းလိုက်မယ်!"ဟုပြောကာ လက်ကိုအတင်းလာဆွဲသော ထိုလူသားလေး ဟင်္သာ။ လက်များကို ပုတ်ထုတ်ချင်စိတ်မရှိပါပေ။ တစ်ချိန်တုန်းက အရင်စိတ်နဲ့များဆိုလျှင် ထိုလာကိုင်သောလက်ကို ပုတ်ထုတ်မိမှာအမှန်ပင်။ ယခုအခါတွင်မူကာ ဟင်္သာအား ထိုသို့ပြုလုပ်မိမည်ကို စိုးရွံနေမိသည်။

ဟင်္သာ၏ ပုခုံး၌ စလွယ်သိုင်းထားသော အူကလီလီလေးဟာ ဟင်္သာ၏ ခန္ဓာကိုယ်နှင့် လိုက်ဖက်ကာ လှုပ်ခတ်၍နေသည်။ မျက်လုံးများ ပုတ်ခတ်ပုတ်ခတ်နှင့် ပြည့်မြတ်ကျော်စွာ အား ပြုံးပြနေသည်မှာ အပြစ် ကင်းစင်သည့် ချစ်စရာကလေးလေး တစ်ယောက်နှယ့်ပင်။

Hinter Diary (S1 ) (Complete)Where stories live. Discover now