အပိုင်း၁၃

6 3 0
                                    

မန္တလေး နွေဦးသည် ပူနွေ့နွေ့ ခမ်းခြောက်ခြောက် ရှိလှပါသည်။ ပူခြင်း၊နွေးခြင်း ပျော်ရွှင်ခြင်းများနှင့်သာ ပြည့်နှက်နေခဲ့ပါသည်။ ထို ပူနွေးနွေး ပျော်ရွှင်ခြင်းတို့တွင် မပျော်ရွှင်သော သူနှစ်ယောက်ရှိကြသည်။

ပြည့်မြတ်ကျော်စွာ၏ အိမ်၌ ဦးကျော်စွာ နေခဲ့သည်ကား တစ်ပတ်ပင်ပြည့်လုနေပြီ။ အမေသည်လည်း အိမ်၌သန့်ပြန့်ကာနေသည်။ အမေကိုစောက်ရှောက်ပေးမည့် ဦးကျော်စွာရှိနေသောကြောင့် မန္တလေးတောင်၌ သစ္စာပန်းများ အား တစ်ယောက်တည်း ရောင်းနိုင်ခဲ့ပြီ။

ယခုရောင်းမည့် ပန်းအမျိုးအစားသည် တစ်မျိုးတည်းမဟုတ်ပါပေ။ နှစ်မျိုးဖြစ်သည်။ သစ္စာပန်းဟူသည့် ပန်းနှင့် ခရေပန်းဟူသော ပန်းများပင်ဖြစ်သည်။ သစ္စာပန်း အစည်း၆၀နှင့် ခရေကုံး ၃၀တို့ရှိသည်။

ဟင်္သာ သည်လည်း ပြည့်မြတ်ကျော်စွာ၏ အိမ်၌သာ အခမဲ့နေထိုင်နေသည်။ ရှင်းရှင်းပြောရလျှင် ဟင်္သာ သည် ချစ်ဖို့သိပ်ကောင်းသည်။ နူးညံလှသော အသားအရည် ၊ပန်းရောင်နှင့် အနီရောင်ခွဲခြားမရသော ဟင်္သာ ၏ ဆံပင်နှင့် မျက်လုံးများကလည်း တစ်မူထူးဆန်းသည်။ ဟင်္သာ သည် လှသည်။

ရုတ်တရက်ဗိုက်ဆာလာ၍ ဘုရားဇောင်းတန်းက နာရီအား မော့ကြည့်လိုက်မိသည်။ အချိန်သည် ၁၁နာရီ ခွဲနေပြီ။ အွန်းပေါ့ ထမင်းစားချိန်တောင်ရောက်လုနေပြီဘဲ။ အရင်တုန်းက ပြည့်မြတ်ကျော်စွာသည် ထမင်းစားချိန်တွင် ထမင်းမစားပါပေ ညရောက်မှဘဲ နေ့လည်စာနဲ့ညစာ ပေါင်းစားတတ်သည်။ ဟင်္သာ ရောက်လာသည့်အချိန်မှစ၍ ထမင်းစားချိန်မှန်နေတော့သည်။

မန္တလေးတောင်၏ လှေကားထစ်များကို တစ်ချက်ကောက်ကြည့်လိုက်သည်။ ပြီးနောက် ပါးစပ်က ညီးညူသံတစ်ချက်ထွက်ဆိုလိုက်မိပြန်သည်။

"ပျင်းလိုက်တာ"

ဧည့်သည့် အလာနည်းလှသည့် မန္တလေးတောင်ပင်တည်း။ လူနှစ်ယောက်စ သုံးယောက်စလောက်ကိုသာတွေ့သည်။ ထိုစဥ် ပုပုသေးသေးလူတစ်ယောက် မနိုင်မနင်းသည်လာသည့် ခြင်းတောင်းနှင့် သူကိုတွေ့လိုက်သည်။ ထိုသူက ဆံနွယ် နီနီရှိသည်။ သေချာသည် ထိုလူကား ဟင်္သာ ပင်။ ထိုသူ ပြည့်မြတ်ကျော်စွာ နားကို တည့်တည့်ကြီးလျှောက်ချလာသည်။ ပြီးနောက်

Hinter Diary (S1 ) (Complete)Where stories live. Discover now