အပိုင်း၂၃

4 0 0
                                    

သိပ်လှတဲ့ တောင်တန်းကြီးရယ်၊ ပြည်တော်အေးဘုရားရယ်၊ စျေးကြီးနားက နာရီစင်ရယ် အဓိပတိလမ်းလေးရယ် ၊ ကော့သောင်းက ကျွန်းတွေရယ်၊ ပြီးတော့ ထိုမြို့သား ထိုလူသားလေးကို သဘောကျမိသယောင်ပါပင်။

ဟင်္သာ အဖို့ ဖွင့်ပြောခြင်းကို အလျင်အမြန်ပင် ဆုံးဖြတ်ရလိုက်လေတော့၏။ အထူးသဖြင့် ထိုလူသား၏ အပြုံးများဆို သေချာပါလိမ့်မည်။ထိုလူသား ပြည့်မြတ်ကျော်စွာ၏ အပြုံးများကို မြင်နေရခြင်းသည် ဟင်္သာ ၏ အသည်းနှလုံးများကို မီးတောက်နေသော ဖယောင်းကဲ့သို့ အရည်ပျော်ကျသွားသယောင်ပင် ဖြစ်ချေ၏။ ပြည့်မြတ်ကျော်စွာသည် ထိုမျှလောက် ဟင်္သာ အပေါ်တွင် လွမ်းမိုးလျှက် ရှိ၏။

"ကျုပ် မင်းကို ချစ်တယ် ကျော်စွာ"

ဟင်္သာ သည် ထိုစကားအားပြောပြီးသည်နှင့် ပြည့်မြတ်ကျော်စွာ၏ လက်များကို ဖမ်းဆုတ်၍ ဆုတ်ကိုင်လိုက်၏။ ထိုအချိန်၌ ပြည့်မြတ်ကျော်စွာ မှာ လန့်ဖြတ်ကာ ဟင်္သာ ၏ လက်များအား ဖြုတ်ချပစ်လိုက်တော့သည်။ ပြီးနောက် စကားမျာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ဟင်္သာ အားပြောရှာ၏။

"ဟင့်အင်း ဟင်္သာ ၊ ဟင့်အင်း မောင် မောင်ရှိတယ်၊ ဟင်္သာ ကိုသာ အဖြေပေးလိုက်ရင် မောင်ကို ကျွန်တော်က သစ္စာဖောက်သလို ဖြစ်သွားမှာပေါ့~~~"

ဟင်္သာ ခေါင်းခါ၏။

"ကျုပ်ကိုပြန်ချစ်ပေးပါလို့ မပြောပါဘူး၊ ကျုပ်ချစ်နေတာ သိရင်ရပါတယ်၊ ပြီးတော့ ကျော်စွာက ကျုပ်လို မုဆိုးဖို တစ်ယောက်ကို ပြန်မချစ်နိုင်ဘူးဆိုတာကိုလည်း အရင်ကတည်းက တွေးထားပြီးသားပါ"

ကျော်စွာအနေနဲ့ ကျုပ်ကို မငြင်းပယ်ပါနဲ့ လက်မခံဘူးဆိုတောင်ရပါတယ် ကျော်စွာ၊ ကျုပ်ကို မငြင်းပယ်ပါနဲ့"

ဟင်္သာ ဆီမှ ငိုရှရှအသံလေးများထွက်ပေါ်ကာလာသည်။ မျက်ဝန်း၏ အစတွင်လည်း မျက်ရည်စက်များက အူလည်လည်ဖြစ်နေသည်။ ဟင်္သာ ငိုချင်နေသည်ကို ပြည့်မြတ်ကျော်စွာ သိ၏။ ဟင်္သာ ၏ အဖြစ်သည် စျေးကြီးသော မိတ်ကပ်အားလူးထား၍ မိတ်ကပ်ပျက်မည်ကို ဆိုးလွန်း၍ မငိုပဲ နေနေသော သူနှင့်တူ၏။

Hinter Diary (S1 ) (Complete)Where stories live. Discover now