အပိုင်း၁၅

12 2 0
                                    

မနက်ကိုးနာရီတွင်ဖြစ်လိမ့်မည်။ နေရောင်ဟာလည်း ကျနေပြီ အလှူမဏ္ဍန်ကလည်း ပြင်ဆင်၍ ပြီးပြီး ထမင်းချက်သူတို့ကချက် ဟင်းချက်သူတို့ကလည်း ချက်နေကြပြီ။ အလှူ မဏ္ဍန်နှင့် မနီးမဝေးတွင် ပြည့်မြတ်ကျော်စွာတို့ အိမ်ကလေးရှိသည်။

အလှူမဏ္ဍန်မှနေ၍ လော်စပီကာ ကို ဘောက်နဲ့ချိတ်ကာ အသံစမ်းနေကြသည်။ ထိုအလှူမဏ္ဍန်မှ အသံသည် ပြည့်မြတ်ကျော်စွာ ၏အိမ်အထိပါကြားရသည်။ အလှူမဏ္ဍန်နှင့်က သိပ်မဝေးသိပ်မနီးသောကြောင့်လည်းပါလိမ့်မည်။

ပြည့်မြတ်ကျော်စွာအမေ၏ ခေါင်းပေါ်တွင် မကြာသေးမှီက ကောက်ထားသော ခရေပန်းများရှိသည်။ ထိုခရေပန်းများကို အပ်ချည်နှင့် သီကာ ပန်ဆင်ပေးထားသည့် အမေသည် ပြီးပြည့်စုံသည်ဟုခံစားရသည်။ ဦးကျော်စွာသည်လည်း အလှူမဏ္ဍန်ကနေ၍ ပြင်ဆင်သင့်သည် များကို ပြင်ဆင်နေကြသည်။

ပြတင်းပေါက် သံ၌ ချိတ်ထားသော အူကလီလီကလေးဟာ တီးသူမဲ့နေခဲ့တာ ၂ပတ်လောက်တော့ရှိခဲ့ချေပြီ။ ထို အူကလီလီကလေးကို ဝယ်ပြီးတစ်ခါ သာလျှင် တီးခတ်ခဲ့ဖူးသည်။ ထိုအူကလီလီကို တီးခတ်တတ်သော သူမှာလည်း တစ်ဦးတည်းသာလျှင် ရှိသည် ထိုသူက ဟင်္သာပင်ဖြစ်သည်။

ဗီဒိုထဲမှ တိုက်ပုံအားဆွဲထုတ်လိုက်သော သူမှာ မည်သူမျှမဟုတ် ဟင်္သာ ပင်ဖြစ်သည်။ ရေချိုးနေသော ပြည့်မြတ်ကျော်စွာ ဝင်လာလျှင် အဆင်သင့်ဝတ်လို့ရအောင်ပင် ဖြစ်သည်။ ပြီးနောက် ဗီဒိုအနားသို့ ထပ်မံ၍သွားပြန်သည် ဦးရွှေရိုးပုဆိုး(တောင်ရှည်) အား ထပ်မံ၍ ထုတ်ယူလိုက်သည်။ စာရေးစားပွဲပေါ်တွင် ထိုအရာနှစ်ခုစလုံးအား တင်ထားလိုက်သည်။

အိမ်နောက်ဖက်မှ ရေချိုးသံများ တစ်ရစပ် ကြားနေရသည်။ ရေကြိုက်သော ပြည့်မြတ်ကျော်စွာ အတွက် တော့အဆင်ပြေသည်။ ရေကြောက်တတ်သော ဟင်္သာ ရေချိုးလျှင် အလွန်ဆုံး ၁မိနစ်ပင် မပြည့်။ ထိုအခါမျိုးဆိုလျှင်တော့ ပြည့်မြတ်ကျော်စွာက ပြောဖြစ်အောင်ပြောသည် "ရေချိုးတာကလည်း မြန်လိုက်တာ ဂျီးရော တိုက်ရဲ့လားတဲ့"။

မကြာပါ ရေချိုးသံ တစ်ခနမျှရပ်သွားသည်။ ဟင်္သာ ဘောင်းဘီအိတ်ထဲမှ နေ၍ ဖုန်းလေးကို ထုတ်ယူလိုက်သည်။ ဖေ့ဘုတ်ထဲသို့ ဟင်္သာ ဝင်လိုက်သည်။ ပြည့်မြတ်ကျော်စွာ တင်ထားပေးသော ပုံကို ဖျက်ချထား၍ ပရိုဖိုင်မှာ အဖြူရောင်သာလျှင် ရှိသည်။ တက်လာသော New feedများကို အပေါ်သို့ဆွဲတင်နေသည်။ လူပေါင်းများစွာ၏ ဓာတ်ပုံ ၊သတင်းအစုံ ၊ အကြောင်းအရာအလုံးစုံတို့ကို ထိုနေရာကနေ တွေ့ရှိနိုင်သည်။

Hinter Diary (S1 ) (Complete)Where stories live. Discover now