အပိုင်း၂၀

3 1 0
                                    

"ညင်းသဲ့သဲ့ မုန်သုန်လေအလူး
ဝါးရွက်တို့က မြချူသံပမာ
အဆင်းလှလှ နှင်းညတစ်ညမှာ
သင်းတမျှမျှ ပန်းပွင့်နှင်းဆီတွေ
ဝင်းဝါနေသော မန္တာလာမြေ
အမြဲသာယာတဲ့ နန်းတော်ရှေ့
မခွဲနိုင်တော့ဘူး၊ မမုန်းရက်နိုင်ဘူး၊ ချစ်လှစွာသော ဟင်္သာရေ"

"အကိုတော် ဟင်္သာ!"

"အမိန့်ဆိုစမ်း!"

တင်္တသာဝံသည် လက်ထဲ၌ကိုင်ဆိုင်ထားသော အမိန့်ပြန်စာအား ဆွဲထုတ်လိုက်သည်။ ထိုအမိန့်ပြန်စာသည် တြိဂံ(တြိစွာမီဒေဝီ၏ နန်းတော်) မှရောက်ရှိလာသော အမိန့်စာ။ ထိုစာ၏ နဘေးနှချက်ဆီ၌ ကျောက်များကို စီချည်ထားသည်။ သိုးမွေးစများဖြင့် ပြုလုပ်ထားသော ပိတ်စပေါ်တွင် မှင်အနက်များဖြင့် ရေးသားထားသော အမိန့်စာ။

"သားတော် တင်္တသာဝံ ဆိုစမ်းပါကွယ်၊ တြိဂံတိုင်းပြည်က အမိန့်စာမှာ ကျုပ်ရဲ့သား ဗ်ဟံဟင်္သာ နဲ့ သူတို့ပြည်က သမီးတော် တြိစွာမီဒေဝီကို လက်ဆက်ပေးမယ်လို့ရေးထားသည် မဟုတ်လော"

ခမည်းတော်သည် ဘုရင့်ပုလ္လင်ပေါ်မှနေ၍ သားတော် ဗ်ဟံတင်္တသာဝံ ကိုမေး၏။ ဗ်ဟံဟင်္သာဟာလည်း ထိုသိုးမွေးသားပေါ်မှ မှင်အနက်များဖြင့်ရေးသားထားသည်ကို စိတ်ဝင်တစားကြည့်၍နေသည်။ ဗ်ဟံတင်္တသာဝံသည် သိုးမွေးများကို ဖြန့်ကျပ်လိုက်သည် ပြီးနောက် တြိဂံတိုင်းပြည်၏ ကျောက်များကို ထိကိုင်ကာ မတ်တပ်ရပ်လျက် အမိန့်ပြန်တန်စာအားဖတ်သည်။

အမိန့်ပြန်တန်စာ-  တြိဂံတိုင်းပြည်မှ ဗဟိုတိုင်းပြည်သို့၊

"အသင်တို့၏ လက်ဆက်မှုကို ကျွန်နုပ်တို့ တြိဂံမှ လက်မခံပါ၊ ကျုပ်တို့၏ သမီးတော် တြိစွာမီသည် အသင်တို့၏သား ဗ်ဟံနှင့် မထိုက်တန်ပါ၊ ကျုပ်တို့၏ သမီး၌ မေတ္တာသက်ဝင်နေသူရှိသည် ထိုသူက"

တင်္တသာဝံ ၏ အသံများ ပိတ်သွားခဲ့သည်။

"ဘယ်သူလဲ ညီတော်"

ဟင်္သာသည် သူ၏မဲနက်လွန်းလှသော မျက်စိဖြင့် ညီတော် တင်္တသာဝံ ကိုကြည့်၏။ ညီတော် တင်္တသာဝံ သည် အိမ်ရှေ့စံ အစ်ကိုတော်၏ မျက်နှာကို တစ်ချက်ကောက်ကြည့်လိုက်သည်။ ဟင်္သာသည် ဆံနွယ်နက်နက်များ၊ မျက်စိနက်နက်များကြားမှ မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်ကာ ပြနေသည်။ စိုးရိမ်မှု ကြီးစွာသောဟန်။ အကိုတော်၏ မျက်နှာအား မြင်ပြီးသည်နှင့် ထိုစာအား ထပ်ဖတ်ချင်စိတ်မရှိတော့ပါ၊ သို့သော် မချစ်သော်လည်း အောင့်ကာနမ်းရသည်ဆိုသလို မဖတ်ချင်သော်လည်း အောင့်ကာ ဖတ်ရသည်။

Hinter Diary (S1 ) (Complete)Where stories live. Discover now