အပိုင်း၂၁

9 1 0
                                    



အချစ်တဲ့လား? ရှိပါစေတော့၊ ကျုပ်ကလေ အစတုန်းက အချစ်ဆိုတာကို ဘယ်လိုလဲ ဆိုတာ ကျုပ်မသိခဲ့ဘူး။ ကျော်စွာနဲ့တွေ့မှပဲ အချစ်ဆိုတာ ကို ကောင်းကြောင်းကြီးနားလည်ခဲ့တယ်။ အချစ်ဆိုတာ အမျိုးမျိုးရှိတယ်လို့ ကျုပ်သတိထားမိသွားတယ်။ တချို့ကျတော့ ငိုရတဲ့ချစ်ခြင်းမျိုးနှင့်ချစ်ကြတယ်၊ တစ်ချို့က ပျော်ရတဲ့ချစ်ခြင်းနဲ့ ချစ်ကြတယ်။ ကျုပ်ကတော့ ကျော်စွာပျော်ရွှင်ခြင်းကို အချစ်လို့သတ်မှတ်ထားတယ်။

"ဟင်္သာ"

"ဟုတ်ကဲ့!"

"ဘာတွေစဥ်းစားနေတာတုန်း?"

"ဘာမှမဟုတ်ပါဘူး!"

"ဒါဆိုလည်းသွားမယ်လေ!"

ကျော်စွာသည် စျေးခြင်းတောင်းကလေးကို လက်ဖြင့်ဆွဲကာ ဟင်္သာအား စကားစမည်ပြောဆိုသည်။ ဟင်္သာ သည်လည်း ကျော်စွာ၏ အမေးကို သေချာကလေးဖြေရှာပါသည်။ ကျော်စွာနှင့်ဟင်္သာ၊ဇီးကွက် တို့သည် စျေးဖက်ခြမ်းသို့ ကူး၍လာခဲ့သည်။

စျေးထဲအဝင်၌ပင်တွေ့ရသည့်အရာများက အသီးအရွက်များပင်ဖြစ်သည်။ အသီးအရွက်ဆိုင်ထဲသို့ မျက်လုံးများပို့လိုက်ကြသည်။ ထိုအခါ၌ လတ်ဆတ်သော ကန်စွန်းရွက်များနှင့် ချဥ်ပေါင်းရွက်များကိုတွေ့ရသည်။ ကျော်စွာနှင့်ဟင်္သာ ထိုဆိုင်ထဲသို့ဝင်သွား၏။

"အစ်မ ကန်စွန်းရွက်တစ်စည်းဘယ်လောက်လဲ"

"တစ်ရာပဲ့"

ကျော်စွာမျက်နှာပျက်သွား၏။ နဘေး၌ ရပ်နေသော ဟင်္သာ ဖက်ကို မျက်နှာမူကာ တိုးတိုးကလေးပြောသည်။

"မန္တလေးက သိရိမာလာစျေးမှာဆို အမှိုက်ပုံလိုပဲ၊ ဒါတောင်တစ်စည်း ၅၀ သုံးစည်း ၁၀၀"

"ဒါ ပုံမှန်စျေးပဲ ကျော်စွာ၊ တစ်စည်း တစ်ရာပဲ"

"ဟုတ်လား?"

"အွန်း"

ကျော်စွာ တွံတေးတစ်ချက်မြိုချလိုက်၏။ လက်ထဲ၌ ပါလာသော ပိုက်ဆံ ၃၀၀၀နှင့် ဘာတွေများဝယ်ရမည်နည်း?။

"အစ်မ ကျွန်တော်ကို သုံးစည်းပေးပါ"

"သုံးစည်းယူမှာလား? သုံးစည်းဆို နှစ်ရာပဲပေးလေဝေ့"

Hinter Diary (S1 ) (Complete)حيث تعيش القصص. اكتشف الآن