အပိုင်း၁၆

9 2 0
                                    

ပြည့်မြတ်ကျော်စွာ လာပေးထားသော နှခမ်းမွေးကို သေချာစွာ ကောက်တပ်လိုက်သည်။ ထိုအချိန်တွင် အရှေ့၌ ထိုင်နေကြသော လူနှစ်ယောက်က အားရပါးရ ရယ်မောလေတော့သည်။ နှခမ်းမွေးတပ်တာဟာ ဘာများထူးဆန်းပါသနည်း။

"ကိုကြီးကျော်စွာက အဖိုးကြီးနဲ့တူတယ်"

"အဖိုးကြီးပေါက်စ အတိုင်းဘဲ"

ဇီးကွက်နှင့်ဟင်္သာ ဆီမှ စကားသံတစ်ချို့ထွက်ပေါ်လာသည်။ ထိုအခါမှ ပြည့်မြတ်ကျော်စွာနားလည်လိုက်သည်။ နှခမ်းမွေးတပ်၍ရယ်ခြင်းမဟုတ်၊ နှခမ်းမွေးတပ်ထားသောသူမှာ အဖိုးကြီးပေါက်စနဲ့တူ၍ ရယ်သောကြောင့်ဖြစ်သည်။

အရှေ့၌ ချထားသော ထမင်းပန်ကန်ထဲမှ ထမင်းတစ်ဇွန်းကိုကောက်ခပ်လိုက်သည်။ ပြီးနောက် ပြည့်မြတ်ကျော်စွာ ထိုကိုင်ထားသော ထမင်းဇွန်းကိုပါးစပ်ထဲသို့ လျှင်မြန်စွာ ထိုးသွင်းလိုက်သည်။ ပြီးနောက်တစ်ခါ ထပ်မံ၍ဖဲ့ထားသော ကြက်သားအစကို ဟင်္သာ ၏ပါးစပ်ထဲသို့ ထည့်ပေးပြန်သည်။ ထပ်ဖဲ့လိုက်သည် ဇီးကွက်၏ ပါးစပ်ထဲသို့ ထပ်ထည့်လိုက်သည်။ တိတ်တိတ်နေဟူသော သဘောမျိုးဖြင့်။

"ကြက်သားက တကယ်စားကောင်းတယ် ကိုကြီးကျော်စွာ"

"ဟျောင့် ဇီးကွက် မင်းကနေပါအုံး၊ မင်းဘာလို့ပါးစပ်ကနေ ကိုကြီးကျော်စွာ ကိုကြီးကျော်စွာဘဲ ထွက်နေရတာလဲ မင်းတော်တော်ခေါ်ကောင်းနေလား?"

ဇီးကွက်၏ ခေါင်းလေး အဆမသန် တိုးဝင်သွားတော့သည်။ ဇီးကွက်လေးသည် လူကြောက်တတ်သော သူတစ်ယောက်မဟုတ်ပါပေ၊ ယခုအချိန်တွင်တော့ ဇီးကွက်လေးကို နိုင်မည့်သူတစ်ယောက် ပေါ်လာခဲ့ချေပြီ။

"ဒါနဲ့ ဟင်္သာ၊ဟင်္သာ ချီထားရတာ လက်မညောင်းဘူးလား၊ ဇီးကွက်လေးကိုနဘေးချထားလိုက်လေ"

ပြည့်မြတ်ကျော်စွာ ထိုသို့ဆိုတော့ ဟင်္သာခေါင်းခါသည်။ ဇီးကွက်လေးကတော့ ခေါင်းငြိမ့်သည် သူ့ကိုနဘေးချထားသင့်သည့်သဘောမျိုး။

"မညောင်းပါဘူး ကျော်စွာရဲ့၊ ကျုပ်တောင်းတဲ့အချိန် ကျော်စွာက လိုလိုလားလား ပေးခဲ့တာဘဲကို ဒီအရာလောက်ကတော့ အစာမဖွဲ့ဘူး"

Hinter Diary (S1 ) (Complete)Where stories live. Discover now