အပိုင်း၂၅

4 0 0
                                    

ကော့သောင်းမြို့ ( အဓိပတိလမ်း)သည် ၁မိုင်ဗလီရှေ့မှ ရွှေမင်းဝံ၈လမ်းအထိရှိသည်။ ထိုလမ်းတစ်‌လျှောက်လုံးကို ဖြတ်ဖောက်ထားသော လမ်းများကို ရွှေမင်းဝံ လမ်းများဟုခေါ်သည်။ လမ်းတစ်ခုခြားတိုင်းတွင် ၁လမ်းဟု သတ်မှတ်ပြီး၊ ၃လမ်း၏ အနောက်မှလမ်းသည် ဗဟိုလမ်းဖြစ်သည်။ ထိုလမ်းပေါ်မှနေ၍ ပြည့်မြတ်ကျော်စွာနှင့်ဟင်္သာတို့ ဆေးဝယ်ကာ လမ်း‌လျှောက်လာကြသည်။

ညနေခင်းဖြစ်သောကြောင့် နေဟာဝင်လုဆဲဆဲအခြေအနေဖြစ်သည်။ နေမင်းကြီးသည် အဓိပတိလမ်းမထက်ပေါ်ကိုတော့ အလင်းများ ကျရောက်နေသေးသည်။ ဤသည်မှာကလည်း လောကကြီးက ကျွန်တော်တို့နှစ်ဦးကို ဒီထက်ရင်းနှီးနေစေသယောင်။ အကယ်၍ ပြည့်မြတ်ကျော်စွာ၌ မောင်သာမရှိခဲ့လျှင် ဟင်္သာအား အဖြေပြန်ပေးလိုက်မည်။ အသက်မှာ ၁၉နှစ်ဖြစ်နေ၍ စိတ်ကစားနေခြင်းလား တကယ်မသိတော့။

သို့မဟုတ် ကျွန်တော်ဟာ လှေနံနှစ်ဖက်နင်းတဲ့သူတစ်ယောက်လား? ကျွန်တော်မသိတော့။ မနေ့တစ်နေ့က ဟင်္သာနဲ့အတူတူ ဘုရားရောက်ခဲ့တယ်။ ဘုရားမှာ ကြည်ညိုသပ္ပါယ်လွန်းလှသည်။ "ပြည်တော်အေးစေတီ"တော်ဟုခေါ်သည်။ ပြည်တော်အေး ရင်ပြင်ပေါ်သို့ရောက်သွားသော အခါတွင် စိတ်နှလုံးများအေးချမ်းသွားသည်ကိုခံစားမိ‌လေ၏။

ထိုနေ့က ဟင်္သာပြောခဲ့သည့်စကားတစ်ခွန်းကို ကျွန်တော်သိပ်မနားလည်ပါပေ။ ထိုစကားမှာ

"ကျုပ်သဘောကျတဲ့ ထိုလူသားလေးက ကြာသပတေးနာမ်နဲ့ တနင်္ဂနွေနာမ်တို့ပေါင်းစပ်ထား တဲ့ စနေသားလေး ဖြစ်တယ်တဲ့"

ဒီစကားကို ကျွန်တော့်အနေနဲ့သိပ်နားမလည်မိပါ။ သေသေချာချာမေးတော့လည်း သူမဖြေပါ။ အဓိပတိလမ်းမထက်မှာပဲ ကျွန်တော် ဟင်္သာဆီကို စကားဆိုမိတယ်။

"ဟင်္သာ"

"ဟုတ်"

"လူတစ်ယောက်ကို ချစ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ? တကယ်လို့ ထပ်ချစ်ဖြစ်ခဲ့ရင်ရော"

ဟင်္သာအနည်းငယ်မျှ‌တွေးပြီး၊ တစ်ချက်ပြုံးလိုက်သည်။ ဟင်္သာ၏ အပြုံးတို့သည်လှသည်။ ဤသည်မှာ လောကကြီးက လိမ်လို့မရသော အမှန်တရားတစ်ခုပင်ဖြစ်၏။

Hinter Diary (S1 ) (Complete)Where stories live. Discover now