Ep 2

654 26 3
                                    

Unicode

" ဝေးလွင့်အကြင်နာ (၂) "

" အိမ်ပြန်လာသေးတယ်နော်.."

အိမ်ထဲဝင်ဝင်ချင်း ကြားလိုက်ရတဲ့
အဖေ့ဆီကခနဲ့တဲ့တဲ့စကား
မကြားချင်ယောင်ဆောင်ပေမယ့်လည်းမရ
ဆူပူနေတဲ့စကားသံတွေကဆက်တိုက်ကိုနားထဲဝင်လာပြန်သည်။

" မနက်ကတည်းက မိုးထဲလေထဲဘယ်တွေသဝေထိုးနေတာလဲ "

" ဟန်နီ့ကိုသွားတွေ့တာပါ "

" ငါပြောရအုံးမယ်
နင်...‌နောက်ထပ် အဲ့ဒီကောင်မလေးနဲ့ထပ်မတွေ့နဲ့တော့
ဟိုက နာမည်ကြီးဖြစ်တော့မှာ
နင်နဲ့ဆက်တွဲမယ်ထင်နေတာလား
မာနကိုမရှိဘူး
အလုပ်ဝင်တော့
ဘာမဟုတ်တဲ့ ဂီတဆိုလားဘာဆိုလား
မလုပ်နဲ့တော့
ပိုက်ဆံမရှိပဲအဆိုတော်လုပ်ချင်သေးတယ်.."

ပွစိပွစိပြောနေသော အဖေစကားတွေကိုမကြားချင်ယောင်ဆောင်ကာ
အခန်းထဲသာဝင်လာခဲ့မိသည်။
ဝုန်း..!
အိပ်ယာပေါ်ခြေပစ်လက်ပစ်လဲချလိုက်မိပြီး
Phone Lock Screen Wallpaper ကပုံလေးကိုကြည့်မိတော့မျက်ရည်တွေကအလိုလိုကျလာပြန်သည်။

!အိပ်ယာပေါ်ခြေပစ်လက်ပစ်လဲချလိုက်မိပြီးPhone Lock Screen Wallpaper ကပုံလေးကိုကြည့်မိတော့မျက်ရည်တွေကအလိုလိုကျလာပြန်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" ဟာကွာ.. ဘာလို့ဒီသောက်ရည်ကဒလဟောကျနေတာလဲ
ကုန်ကိုမကုန်နိုင်ဘူး.
ယွန်းဟန်နီ နင့်လူကြီးနဲ့နင့်ကိုငါမရရအောင်ဖျက်ပြမယ်
နင်စောင့်ကြည့်နေပါ.."

_______________

( နောက်တစ်နေ့မနက် )

🎵မင်းက..ကိုယ့်မှတ်ဉာဏ်ရဲ့အနက်ရှိုင်းဆုံးနေရာမှာမြှုပ်နှံထားတဲ့
ကိုယ်အချစ်ရဆုံးသောသူပါ🎵

ဖုန်းထဲကသီချင်းသံနှင့်အတူ ဟန်နီ့ဆီကနေဖုန်းဝင်လာခဲ့သည်။
ကျွန်တော်ကောက်ကိုင်လိုက်ရင်ပဲ
သူမရဲ့အလောတကြီးလေသံကိုကြားရပါတော့သည်။

" ဝေးလွင့်အကြင်နာ "(Completed)Where stories live. Discover now