Ep 13

371 16 4
                                    

Unicode

" ဝေးလွင့်အကြင်နာ (၁၃)"

" ဘယ်လိုလဲ အဝတ်အစားဝတ်ရတာအဆင်ပြေလား
ကိုယ် ဝင်လာပြီးကူညီပေးရမလား "

အဝတ်လဲခန်းအပြင်ဖက်ကနေအော်နေတဲ့
ကျီရူဖုန်းကြောင့်
ရီရှင်းမှာ အဝတ်အစားလဲနေရင်းက
အော်ဟစ်လိုက်လေသည်။

"ထိခိုက်မိတာ ခြေထောက်ပါနော်
လက်ကအကောင်းကြီး
ဝင်လာရဲရင်ဝင်လာကြည့် သေမယ် "

ထိုအခါ အပြင်ဖက်ကနေ တဟဲဟဲရယ်နေ
သောအသံကြီးထွက်ပေါ်လာလေသည်။
တကယ်တည်း ရယ်တာကိုက လူယုတ်မာရယ်သံနဲ့

ခြေဖနောင့်လေး နည်းနည်းထိခိုက်မိတာကို ပုံကြီးချဲ့ပြီး အိမ်ကိုဆရာဝန်ပင့်တယ်။
ပြီးတော့ အဝတ်အစားမလုံခြုံဘူးဆိုပြီး
ဆရာဝန်မလာခင် အဝတ်အစားထပ်ဝတ်ခိုင်းတယ်
နားမထောင်တော့ လူကိုအိပ်ယာပေါ်မှာစောင်နဲ့ပတ်ထားတယ်
ရောက်လာတော့ ဆရာဝန်က အမျိုးသမီး
ဒဏ်ရာကိုသေချာပိုးသတ်ဆေးထည့်ပေးပြီး
ဆေးတစ်လုံးထိုးပေးသွားတယ်။
ထိခိုက်မိတာက ခြေဖနောင့်ဆိုတော့
လမ်းလျှောက်ရတာအဆင်မပြေတော့ဘူး
ခြေဖျားထောက်ပြီးလျှောက်မှရတယ်။
အခုက အိမ်ပြန်တော့မှာမို့ အဝတ်အစားလဲနေတာပင်
မနက်က သူမဝတ်လာတဲ့အဝတ်အစားက ချွေးနံ့နံနေပြီလေ
ဒင်းနဲ့ရန်ဖြစ်လိုက်ရတာကြောင့်၊
ရေချိုးပြီးတော့ အဲ့ဒီအဝတ်ကိုပြန်မဝတ်ချင် ဒါကြောင့် ဒီတိုင်း
ကျီရူဖုန်းရဲ့ အပေါ်ရှပ်တထည်ပဲကောက်ဝတ်လိုက်တာ
ဟိုအရင်ကလည်းဝတ်ဖူးပါတယ်
အဲ့တာကို ဘာတွေအထူးအဆန်းလုပ်နေတယ်မသိ
သူမ ပြန်ထွက်လာသောအခါ
ကျီရူဖုန်းကို တံခါးဝမှာ ရယ်ကျဲကျဲနဲ့ရပ်နေတာကိုမြင်ရ
သူမကိုမြင်တော့ ခြေဆုံးခေါင်းဆုံးကြည့်လျက်

" အင်း..ကွက်တိပဲ
ဒီအဝတ်အစားက မင်းနဲ့ပိုလိုက်တယ် "

သူ ဝယ်ပေးထားတဲ့အဝတ်ကြ စောက်ရမ်းအမွှန်းတင်နေတဲ့လူကြီး
တီရှပ်နဲ့ဂျင်းဘောင်းဘီကိုများ

" သွားမယ် အိမ်ပြန်ပို့ပေးတော့ "

" _အိုကေ..ကဲ..လာ..
_အာ..ဘာလုပ်တာလဲ ချပေး "

" မင်းမှ လမ်းလျှောက်လို့အဆင်မပြေတာ
ကိုယ်ချီပါ့မယ် ငြိမ်ငြိမ်နေ မလှုပ်နဲ့
လှုပ်ရင် ပိုပင်ပန်းတယ်ကွ "

" ဝေးလွင့်အကြင်နာ "(Completed)Dove le storie prendono vita. Scoprilo ora