Ep 5

450 20 3
                                    

Unicode

" ဝေးလွင့်အကြင်နာ (၅) "

" ရီ..ရီရှင်း...!

သူတို့၏ထစ်ထစ်ငေါ့ငေါ့ရေရွတ်သံအဆုံး
ရီရှင်းတစ်ယောက် သွားစွယ်လေးတွေပေါ်အောင်ရယ်မောလိုက်ရင်း

" မတွေ့တာကြာပြီနော် သူငယ်ချင်းတို့
ဂုဏ်ပြုပါတယ် ရှောင်ဟွား
နင်..တကယ်လူကြီးတစ်ယောက်ဖြစ်လာတာပဲ မိုက်တယ် "

" ယဲ့ကျစ်..ငါ့ရဲ့သစ်ရွက်လေး
လာ..ဖက်ပါဦး "

" ရီရှင်း...အီးဟီးဟီး
နင်..ရက်စက်တယ် တကယ်မကောင်းဘူး
လူဆိုး.."

သူငယ်ချင်းသုံးယောက်ကတော့
ဘေးပတ်ဝန်းကျင်ကိုမေ့နေကာ တစ်ယောက်ကိုတစ်ယောက်တင်းကျပ်စွာဖက်လျက်
ယဲ့ကျစ်ဆိုတဲ့တစ်ယောက်ကတော့ တရှုံ့ရှုံ့ငိုနေလေသည်။
သူ့မှာသာ အသက်ရှုဖို့မေ့လျော့နေမိသည့်အထိဆွံ့အနေမိတာ။
ရီရှင်းက ကျွန်တော့်ကိုမြင်ပုံမရသေး
သူ့သူငယ်ချင်းတွေနဲ့အဖွဲ့ကျနေတာပင်
ယဲ့ကျစ်တစ်ယောက်ငိုတာရပ်သွားသောအခါ

" အိုး..ရန်ရီရှင်း
နင်..တကယ်လှတယ်ဟ မဆိုးဘူး.."

လုံဟွားတစ်ယောက်ကတော့ဖြင့်
သူ၏သူငယ်ချင်းအားခြေဆုံးခေါင်းဆုံးကြည့်လျက်

" ငါသိတဲ့ရန်ရီရှင်း ဟုတ်ပါတယ်နော် "

" ငါပါ ရန်ရီရှင်းအစစ်
ရေမရောဘူး
ငါဘယ်လိုနေလဲကြည့်စမ်း "

ရီရှင်းမှပြောပြောဆိုဆိုသူတို့ရှေ့တွင် တပတ်လှည့်ပြနေသဖြင့်
မျက်နှာတွေပါပူလာတဲ့အထိ
ထို့ကြောင့် လုံဟွားမှာ ရှက်ရယ်ရယ်လျက်

" အဟီး.. မနေတတ်ဘူးကွ
မင်းကိုဒီလိုမြင်ရတာတစ်မျိုးကြီးပဲ.."

" အာ..လှပါတယ် နဂါးရ "

" ဘုရားရေ...
တို့ကောက..ယောင်္ကျားလေးလိုဝတ်တုန်းကလည်းမိုက်တာပဲ
မိန်းကလေးလိုဝတ်တော့လည်း မိမိုက်နေတုန်းပဲ
အာ..ရန်ရီရှင်းက ဘယ်လိုနေနေမိမိုက်နေမှုကတော့ရူးလောက်တယ်
ဘယ်အချိန်ဖြစ်ဖြစ် ငါ့ကိုရင်ခုန်စေတုန်းပဲ "

ကျွန်တော့်တူမ Rain ရဲ့တစ်ယောက်တည်းရေရွတ်နေတဲ့စကားသံ
သူလည်း ရီရှင်းကိုမြင်ပြီးပြီရှော့ရနေတယ်ထင်ပါရဲ့
ကျွန်တော့်လဲ ရုတ်တရက်ကြီးနှလုံးခုန်သံတွေပါရပ်တန့်သွားတဲ့အထိ ရှော့ရသွားတာလေ
မမှတ်မိနိုင်လောက်တဲ့အထိပြောင်းလဲသွားတာများ
ယခင်က တိုနှံ့နှံ့ယောင်္ကျားကေနဲ့ဆံပင်တို့က
ယခုအခါ ပုခုံးကျော်လောက်အထိရှည်လျားလို့ မီးခိုရောင်ဆိုးထားသေးသည်။
ယခုလို မိန်းကလေးပုံစံနဲ့လည်းဆွဲဆောင်မှုရှိနေပြန်ရော
ရှည်လျားတဲ့အရပ်အမောင်း၊
သွယ်လျလာတဲ့ခန္တာကိုယ်အချိုးအစားရယ်
အနက်ရောင်ကုတ်နဲ့မီနီစကတ်ရယ်က ရီရှင်းကိုနှစ်ခါပြန်ငေးရလောက်အောင်
ဆွဲဆောင်မှုရှိစေသည်။
ဒီကောင်က ကျွန်တော့်တူမပြောသလိုပဲ
ဘယ်လိုနေနေ မိမိုက်နေဖို့မွေးဖွားလာတာထင်ပါတယ်။

" ဝေးလွင့်အကြင်နာ "(Completed)Место, где живут истории. Откройте их для себя