Ep 16

357 14 3
                                    

Unicode

" ဝေးလွင့်အကြင်နာ (၁၆)"

🎵You're my angel, angel baby
မင်းက ကိုယ့်ရဲ့ နတ်သားလေး

မိုးသည်းညမှာ မင်းရောက်လာခဲ့တာ
ကိုယ်မလိမ်ပါဘူး
ကိုယ်ဘယ်လောက်တောင်သေမလိုဖြစ်ခဲ့တယ်ဆိုတာ မင်းကိုပြောပြမယ်
မင်းကသာ ကိုယ့်ကိုပြန်လည်ရှင်သန်လာအောင် အသက်သွင်းပေးခဲ့တာ
ဒီလိုအချိန်မျိုးမှာပဲ ထာဝရနေသွားချင်မိတယ်..
ရှင်သန်နေလည်း ဘာမှထူးမလာမှာကိုကြောက်နေမိလို့
"ထာဝရ"ဆိုတဲ့စကားကိုလည်း တဖြည်း
ဖြည်းနဲ့ မယုံတော့ဘူး...
ကိုယ်တို့အတူရှိနေဖို့ ကောင်းကင်ဘုံကို မင်းလက်လွှတ်တဲ့အချိန်ထိပေါ့ 🎵

Troye sivan ရဲ့ Angel baby ကို
ခပ်မိုက်မိုက်တီးခတ်သီဆိုနေသော ရီရှင်း
ရီရှင်းတစ်ယောက် ဂစ်တာတီးပြီးသီချင်းဆိုနေတာကို တမေ့တမော့ငေးကြည့်နေသူ
နှစ်ယောက်ရှ်ိနေလေသည်။
ကျီရူဖုန်း နှင့် လုံဟွား

🎵You're my angel, angel baby, angel
မင်းက ကိုယ့်ရဲ့ နတ်သားလေး
Baby, you're my angel, Angel Baby
မင်းဟာ ကိုယ်ရဲ့ နတ်သားလေးပါချစ်သူရယ်..🎵

" ဖြောင်းဖြောင်း ဖြောင်းးးး ‌! "

သီချင်းအဆုံးသတ်သွားသည်နှင့် အားလုံးထံမှ လက်ခုပ်သံတွေပြိုင်တူထွက်ပေါ်လာလေသည်။

" လျိုရီရှင်းမသေသေးဖူးပဲဟ
အရည်အချင်းတွေ ခုထိကျန်သေးတယ် "

ယဲ့ကျစ်၏အရွှန်းဖောက်လိုက်သောစကားကို
အားလုံးသဘောတကျရယ်မောလိုက်ကြလေသည်။

ကျီရူဖုန်းမှာ ရီရှင်းအားငေးကြည့်နေစဉ်ဝယ်
သူ၏ဘေး၌ထိုင်နေသော တူမဖြစ်သူယွီဟယ်မှာ လက်တို့၍
တနေ့ရာဆီသို့မျက်စပစ်ပြလာလျှင်
ထိုနေရာသို့လှမ်းကြည့်လိုက်ရာ မိမိလိုပင်
ရီရှင်းအား ငေးကြည့်ရင်းပြုံးနေသော လုံဟွားအားတွေ့လိုက်ရလေသည်။
ထို့ကြောင့် စိတ်ထဲ၌
ဒီကောင်က ဘာလားဟု မတင်မကျဖြစ်သွားမိတော့သည်။
ထိုအချင်းအရာကိုရိပ်စားမိပုံရသော ယွီဟယ်မှာ

" ဒါနဲ့ လုံကောကိုတစ်ခုလောက်မေးချင်လို့ "

ယွီဟယ်မှ လက်ထောင်လျက် အထက်ပါအတိုင်းပြောလိုက်ရာ
လုံဟွားမှာ ပြုံးရယ်နေရာမှရပ်၍

" ဝေးလွင့်အကြင်နာ "(Completed)Donde viven las historias. Descúbrelo ahora