Ep 6

431 21 5
                                    

Unicode

" ဝေးလွင့်အကြင်နာ (၆) "

"မိတ်ဆက်ပေးရဦးမယ်
ဟန်နီ သူက ကျီရူဖုန်း..
ကိုယ့်အကိုကြီးလေ "

" ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်..
ကိုကိုပြောတာကြားဖူးနေတာကြာပါပြီ "

ညီဖြစ်သူမိတ်ဆက်ပေးလာတဲ့ ကောင်မလေးကို ရူဖုန်း သေချာကြည့်မိသည်..
ဒါ.ဒါက..ရန်ရီရှင်း ex ဆိုတာပဲ
ဆံပင်ရှည်ရှည်မျက်လုံးတောက်တောက်လေးတွေနဲ့
တော်တော်လှတာပဲ
ရန်ရီရှင်းတို့ကြွေတာလဲမဆန်းပါဘူး..

" ပြော မလာစဖူးအလာထူးလို့
ဘာကိစ္စများလဲ "

ကိုကို့အမေးကိုမဖြေပဲ ထိုလူကြီးက
သူမဖက်တစ်ချက်လှည့်ကြည့်လိုက်သဖြင့်
သူမလဲ သဘောပေါက်စွာ ရှောင်ထွက်လာခဲ့လိုက်သည်။

"ကဲပြော ဘာကိစ္စလဲ ?"

" အဘိုးက မင်းကိုအိမ်ထောင်ဖက်တွေ့ခိုင်းတာ ငြင်းလိုက်တယ်ဆို "

"ဪ အဲ့ဒီအတွက် ကိုကြီးကိုလွှတ်လိုက်တာလား
ကိုကြီးလဲသိသားနဲ့ဗျာ
ကျွန်တော့်မှာဟန်နီရှိတယ်လေ "

"_အဲ့တော့ မင်းက လုံးဝမတွေ့နိုင်ဖူးပေါ့
_အင်း "

ခက်တော့နေပြီ
အဘိုးက တစ်ချက်လွှတ်အမိန့်ထုတ်ထားတာ
ထိုမိန်းကလေးဟာ သူ့မြေးချွေးမဖြစ်ကိုဖြစ်ရမယ်တဲ့
ရွှင်ဖုန်းလက်မခံရင်
ရူဖုန်း..မင်းကလက်ထပ်ရမယ်တဲ့လေ
ရွှင်ဖုန်းကို ဦးစားပေးရတဲ့အကြောင်းရင်းက
ယွန်းဟန်နီဆိုတဲ့ကလေးမကို သဘောမကျတာကြောင့်ပါ
ယခုအခါ မြှားဦးက သူ့ဖက်လှည့်လာချေပြီ
ခက်တော့တာပဲ

"အဘိုးက မင်းကိုရှယ်ယာတွေမပေးတော့ဘူးဆ်ိုရင်တောင်လား ?"

"အင်း
ကျွန်တော့်မှာ Summer Scent ရှိနေတာပဲလေ "

ဟက်..!
ညီဖြစ်သူ၏စကားကြောင့် ဟက်ခနဲတစ်ချက်ရယ်မိသည်။
မင်းတကယ်မသိတာလား မသိသေးတာလား
ငါ့ညီရာ
မင်းကောင်မလေးက မင်းကိုချမ်းသာကြွယ်ဝမှုကြောင့်ရွေးချယ်ခဲ့တယ်ဆိုတာကိုလေ
မင်းသာ သာမန်လူတစ်ယောက်ဖြစ်သွားရင်
သူမက မင်းကိုရွေးချယ်ပါအုံးမလား
ငါသိချင်မိသေးတယ်
စိတ်တော့မကောင်းပေမယ့်
မင်း အဘိုးပေးစားတဲ့မိန်းကလေးကို ယူကိုယူရမယ်
အဲ့လိုဖြစ်အောင်လဲ ငါကလုပ်မှာမို့လေ
ငါ့မှာလဲ ရီရှင်းရှိနေတယ်လေကွာ
အဲ့တာကလည်း သိပ်ကိုဆွဲဆောင်မှုရှိတဲ့မိန်းမလှလေးလေ။

" ဝေးလွင့်အကြင်နာ "(Completed)Where stories live. Discover now