Ep 15

351 16 0
                                    

Unicode


" ဝေးလွင့်အကြင်နာ (၁၅)"

" ပစ္စည်းတွေအကုန်စုံပြီလား
ညအိပ်မယ်ဆိုလို့ ငါဖုန်းကြိုဆက်ထားတယ်အိမ်စောင့်လင်မယားကအကုန်လုပ်ပေး
လိမ့်မယ်..
သောက်စရာတွေတော့သယ်သွားကြ ဟိုမှာကဝယ်မရလောက်ဘူး "

တမနက်ခင်းလုံး ဘေးနားကနေပွစိပွစိသတိပေးနေသော
သူတို့၏အဘိုးုးအား လျိုဟောက်သုန်တစ်ယောက် စိတ်ရှုပ်လာလေတော့သည်။

" ဟုတ်ကဲ့ပါ သိပါပြီအဘိုးရ "

ထိုအချိန်မှာပင် ယဲ့ကျစ်တို့ရောက်လာကြလေသည်။
ယဲ့ကျစ်ကိုမြင်သည်နှင့် ရီရှင်း၏အဘိုးးမှာ
ပြုံးရယ်ပြလိုက်ရင်း

"မိန်းကလေးယဲ့ကျစ် !
_ရှင်.ဟုတ်ကဲ့ ဥက္ကဌကြီး "

" မိန်းကလေးမှာကောင်လေး...မဟုတ်သေးဘူး ချစ်သူရှိလား? "

" ရှင်..မရှိပါဘူး "

" အေး..ကောင်းတယ်
ဒါဆိုငါ့မြေးကိုဘယ်လိုသဘောရလဲ? "

" ရှင်..ဘယ်သူ
ရီရှင်းလား.."

" မဟုတ်ဘူး..
ငါ့မြေးကြီးကိုပြောတာ "

" ရှင်..!

ယဲ့ကျစ်ကတော့ တရှင်ရှင်နဲ့သာ
မျက်နှာပူရှက်ရွံ့လျက်ရှိနေလေသည်။
လုံဟွားကိုကြည့်တော့ ရယ်ကျဲကျဲလုပ်နေတာကိုမြင်ရ

(အာ..အဘိုးမပြောနဲ့လေဗျာ ဒုက္ခပဲ)
အပြင်ကစကားသံတွေကို အတိုင်းသားကြားနေရတဲ့ ဟောက်သုန်
သူက အိမ်ပေါ်ထပ်ကဆင်းလာတာပါ
အဘိုးက ယဲ့ကျစ်ကိုပေါ်တင်ကြီးမေးမြန်းနေတာ
ခက်တော့တာပဲ
ဟောက်သုန်တစ်ယောက် သူ့အဘိုး၏စကားကြောင့်အတော့်ကိုစိတ်တိုနေမိလေသည်။

" အဘိုးနောက်မှပေါ့ နောက်မှပဲသေချာမေးတော့နော်
အခုကနောက်ကျနေပြီ မြေးတို့သွားတော့မယ်
ကိုကို...!
အမြန်ဆင်းလာခဲ့တော့ "

ပြောလဲပြော ယဲ့ကျစ်၏လက်ကိုဆွဲကာအတင်းထွက်သွားတဲ့ ရီရှင်းကြောင့် စိတ်သက်သာရာရမိသွားတယ်
ဟူးးးးး တော်ပါသေးရဲ့

" အဘိုးကလဲဗျာ
ဘာလိုမဟုတ်တာတွေမေးရတာတုန်း
ကျွန်တော် ဒီလောက်အတန်တန်ပြောထားတာကိုဗျာ
အားနာစရာကြီး
နောက် ဘယ်လိုမျက်နှာချင်းဆိုင်ရတော့မလဲ "

" ဝေးလွင့်အကြင်နာ "(Completed)Where stories live. Discover now