Ep 12

331 15 5
                                    

Unicode

" ဝေးလွင့်အကြင်နာ (၁၂) "

"ကျီရူဖုန်း...!!
ရှင်..ရှင်က ဒီလိုလူစားမှန်းမသိခဲ့ဘူး
ရှင် လူယုတ်မာ "

ကျီရူဖုန်း၏စကားဆုံးသောအခါ
ရီရှင်းမှာ သူမ၏မျက်စိရှေ့၌ရပ်နေသော
ကျီရူဖုန်းအား ထုနှက်ရိုက်ပုတ်ပါလေတော့သည်။

ရူဖုန်းမှာ ရီရှင်းအား..စိတ်ကြိုက်ထုရိုက်စေပြီးနောက်
ရီရှင်း၏လက်နှစ်ဖက်ကိုချုပ်၍ ‌ဆတ်ခနဲ
ပွေ့ချီကာ အိမ်ထဲသို့ဝင်သွားလေတော့သည်
ရီရှင်းမှာမူ ရုန်းကန်ဆဲဆိုလျက်ပါသွားလေသည်။
ကျီရူဖုန်းကား နည်းနည်းမျှဂရုမစိုက်ပဲ
အိမ်ထဲသို့ရောက်သည်နှင့် တိုက်ရိုက်ပင်
အိမ်ပေါ်ထပ်ရှိရာသို့တက်သွားပြီးနောက် ရီရှင်းအား သူ၏အခန်းက ကုတင်ပေါ်သို့ပစ်ချလိုက်လေသည်။
ထိုအခါ ရီရှင်းတစ်ယောက်လူးလဲထလျက်
ထပ်မံဆဲဆိုပြန်လေ၏

" လူယုတ်မာ..!!
ငါ့ကို ခုချက်ချင်းအိမ်ပြန်ပို့ပေး "

ခုတော့ နင်တွေငါတွေပါပြောကုန်ပြီ
တကယ့်အရိုင်းအစိုင်း ပင်ကိုယ်ဇာတိတွေပေါ်လာပြီပေါ့။
ရူဖုန်း..သူ ကြည့်ကောင်းကောင်းနှင့်ရပ်ကြည့်နေမိသည်။

" နားကန်းနေလား
ငါပြောနေတာမကြားဖူးလား "

" အိမ်ပြန်ပို့ပေးချင်မှတော့ တကူးတက
ဒီကိုခေါ်လာပါ့မလား မင်းမှာခေါင်းပါရင်စဉ်းစားလေ
ထွက်ပြေးဖို့မစဉ်းစားနဲ့
ကိုယ်.လုံခြုံရေးတွေကိုသေချာမှာထားပြီးပြီ
မင်း ကိုယ်မပါပဲ အိမ်ထဲကနေ ခြေတစ်လှမ်း
မှ လှမ်းလို့ရမှာမဟုတ်လို့
အပင်ပန်းမခံပဲ အေးဆေးနားလိုက်
ည မမှောင်ခင် ကိုယ်ပြန်လိုက်ပို့ပေးမယ်လို့
ကတိပေးတယ် "

" ရှင်ပြောတာ ယုံရမှာလား စောက်ရူးကောင်
ငါ့ကို တစ်ခုခုကြံစည်လို့ကတော့ အသေပဲ
ငါက.. ကရာတေးခါးပတ်နက်ရထားတာနော်
မယုံရင်စမ်းကြည့်လိုက် "

ပြောလဲပြော တိုက်ကွက်တွေထုတ်ပြနေတဲ့
ကောင်မလေးကို သူ..ရယ်ချင်လာမိသည်။
သို့သော် မရယ်ရဲ
မျက်နှာထားတင်းတင်းထားပြီး ဟောက်ထည့်လိုက်သည်။

" ကိုယ်လဲ တတ်တယ်
ရျူဒို
ကရာတေး
တိုက်ကွမ်ဒို
ကွန်ဖူး အကုန်ခါးပတ်နက်ရထားတာ "

" ဝေးလွင့်အကြင်နာ "(Completed)Opowieści tętniące życiem. Odkryj je teraz