Final(ဇာတ်သိမ်းပိုင်း)

1.1K 25 1
                                    

Unicode

" ဝေးလွင့်အကြင်နာ (ဇာတ်သိမ်း)"

" ရီရှင်း..!
ကိုယ် မင်းကိုနမ်းချင်တယ် "

ရုတ်တရက်ကြီး နမ်းချင်တယ်ဟုဆိုလာသဖြင့် သူမလန့်သွားမိတာအမှန်
ဒီလူကလွယ်တာမဟုတ်ဘူး တဇွတ်ထိုးသမား
ဧည့်သည်တော်တွေအား လိုက်လံမိတ်ဆက်
ပေးသမျှ ပြုံးရယ်ပြရတာ
ကြာတော့ ပါးတွေပါညောင်းလာတာကြောင့်
ဝိုင်လေးယူသောက်နေတုန်း ဘာတဲ့
နမ်းချင်တယ်တဲ့
ဒီလူတော့ အားတိုင်းနမ်းမယ်ဆိုတာချည်း
ထို့ကြောင့် နားနားကပ်ကာ ခပ်ကြိတ်ကြိတ်ဆူမိသည်။

" _ဘာလဲဟ လူတွေရှိနေတယ်လေ
_ဒါဆို လူတွေမရှိတဲ့နေရာသွားကြမယ် "

" ရူးနေပြီလား
ဒီမှာ ရှင်နဲ့ကျွန်မ နှစ်ယောက်စလုံးမရှိလို့မဖြစ်ဖူးနော်
ဘယ်ကိုသွားမယ်တွေးနေတာလဲ
မဟုတ်ကဟုတ်ကတွေမပြောနဲ့ "

" _ဒါဆိုလဲ ခဏလောက်လစ်ထွက်ရအောင်
_အာ...ဘာလုပ်..!

ရီရှင်း၏စကားမဆုံးလိုက်ပါချေ
ကျီရူဖုန်းကား သူမ၏လက်ကိုဆွဲကာ
ထိုနေရာမှထွက်လာခဲ့သောကြောင့်ပင်တည်း

" ဒါက ဘယ်နေရာလဲ? "

" မြင်ရင်မသိဘူးလား
ဟိုတယ် သီးသန့်အခန်းလေ "

" အဲ့တာတော့သိတာပေါ့
ဒီမှာဘာလုပ်မလို့..
မဟုတ်မှ ဒါကိုဘယ်တုန်းကကြိုတင်ပြင်ဆင်ထားလိုက်တာလဲ "

"_အင်း...ပွဲစီစဉ်ကတည်းက..
_အကြံအစည်ကြီးနဲ့နော် လူလည်ကြီး "

ရီရှင်း၏ခနဲ့တဲ့တဲ့စကားတို့အား ကျီရူဖုန်းမှာ
ရယ်ကျဲကျဲလုပ်၍သာနေလေသည်။
ထို့နောက် မပြောမဆိုနှင့် ကောက်ခါငင်ကာပွေ့ချီလျက် ဟိုတယ်သီးသန့်ခန်းထဲမှ အိပ်ယာထက်ဆီသို့..။

" ခ..ခဏလေး
ကျွန်မတို့ စည်းကျော်လို့မဖြစ်ဘူး
ပါတီပွဲမပြီးသေးဘူးလေ "

သူမကိုပွေ့ချီလာပြီ ကုတင်ပေါ်သို့အသာအ
ယာချလျက် အပေါ်စီးကနေအုပ်မိုးနမ်းရှိုက်
လာသော ကျီရူဖုန်းအား
ရီရှင်းတစ်ယောက် အထက်ပါအတိုင်းသတိ
ပေးစကားဆိုလိုက်လျှင်
ကျီရူဖုန်းမှာ ဟက်ဟက်ပက်ပက်ရယ်မောလျက် ချစ်သူလေး၏မေးဖျားလေးအားဆွဲ
မော့ကာ

You've reached the end of published parts.

⏰ Last updated: May 27, 2023 ⏰

Add this story to your Library to get notified about new parts!

" ဝေးလွင့်အကြင်နာ "(Completed)Where stories live. Discover now