Ep 14

354 16 9
                                    

Unicode

" ဝေးလွင့်အကြင်နာ (၁၄)"

ဘဝကလဲ နေ့ချင်းညချင်း
သူဌေးဘဝကနေ သာမန်လူတစ်ယောက်ဖြစ်သွားရတယ်လို့
ရှယ်ယာပိုင်ဆိုင်မှု့ကြောင့် လျိုရီရှင်းဟာ
သူတို့ Summer Scent ရဲ့ CEO ဖြစ်သွားခဲ့ပြီး
သူကတော့ ဒါရိုက်တာရာထူးသို့ထိုးကျသွားလေသည်။
ကျီရူဖုန်း..!
ဒီအကိုကတော့ ဘာတွေလုပ်နေလို့ ဒါတွေကို
မသိရတာလဲ
ပြောတော့ သူ့တာဝန်ထား
သူကူညီပါ့မယ်လို့သံကောင်းဟစ်ခဲ့ပြီးတော့
ရွှင်ဖုန်း..သူ၏ ဒေါသတွေမှာ ကိုကြီးဆီသို့
ဦးတည့်သွားတော့သည်။
ထို့ကြောင့် ချက်ချင်းပင် ဖုန်းကောက်ဆက်မိသည်။

"ဘာပြောတယ်
တကယ်ပဲလား ငါသိပြီ
အဘိုးဆီ ငါသွားလိုက်မယ်
အေးအေး...ဒါပဲ ငါသိပြီ "

ကိုကြီးကတော့ ဖုန်းချသွားလေပြီ
ပြီး..ချက်ချင်း အဘိုးဆီသွားမယ်ဆိုတာ
မမြင်ရလဲ သူခန့်မှန်းမိသည်။
အဲ့နောက်မှာတော့ လျိုရီရှင်းအလှည့်ပေါ့
ဟန်နီ့ဆီကနေကြားတာ ကိုကြီးနဲ့လျိုရီရှင်းတို့
အတူရှိနေကြတယ်တဲ့
ဒါနဲ့ ကိုကြီးဆီသွားပြီးစကားအစ်ကြည့်မိတော့ ဟုတ်တယ်ဟုဆိုလာတာကြောင့်
ပေါ့ပေါ့ဆဆနေခဲ့လိုက်တာ ခုလိုမျိုးကြုံရတော့တာပဲ။
ဟန်နီက သွားတောင်းပန်ထားခဲ့တာကိုတောင်မှလေ
လျိုရီရှင်း..မင်း တကယ်အသဲမာတဲ့မိန်းမပဲ
ငါ့ကောင်မလေး အောက်ကျနောက်ကျခံခဲ့
မျက်ရည်ကျခဲ့ရတာတွေ မတန်လိုက်တာ
မင်း..တနေ့ ချစ်မိတဲ့အခါ ဝဋ်လည်လိမ့်မယ်

ဟန်နီ သူမ ရိုက်ကွင်းကနေပြန်ရောက်ရောက်ချင်းကြားလိုက်ရတဲ့သတင်းကြောင့်
ရုံးခန်းထဲကသောကမျောပြေးဝင်လာမိတော့
ထိုနေရာ၌ထိုင်နေသူမှာ ကိုကိုမဟုတ်ခဲ့
ရီရှင်းဖြစ်နေခဲ့လေသည်။

"ရီရှင်း.! နင်ကိုး
ငါကြားတာ နင်..ငါတို့ ဥက္ကဌ ဖြစ်သွားပြီဆို
မဟုတ်မှ
ရွှင်ဖုန်းကို ဘာမှမကျန်တော့အောင်လုပ်မလို့လား?"

"ဘာလဲ..နင့်အချစ်စစ်ကို အရောင်ခြယ်ပေးတာလေ ကျေးဇူးမတင်ဖူးလား "

"ရီရှင်း..ငါ..!

ယွန်းဟန်နီ၏စကားမဆုံးလိုက်ပါ
ရီရှင်းမှ လက်ကာပြလိုက်ရင်း

" ဝေးလွင့်အကြင်နာ "(Completed)Where stories live. Discover now