Ep 10

349 18 5
                                    

Unicode

" ဝေးလွင့်အကြင်နာ (၁၀) "

"သခင်လေးတို့ မောင်နှမတွေအတူပြန်လာကြတာမြင်ရတာ
သိပ်ကြည့်လို့ကောင်းတာပဲ "

သူမတို့ကိုမြင်သည်နှင့် အိမ်တော်ထိန်းအဒေါ်ကြီးက ပြေးထွက်လာပြီးပြောတဲ့စကား
ဧည့်ခန်းထဲမှာတော့ မည်သူမျှရှိမနေကြပေ
ကြည့်ရတာအိပ်ကုန်ကြပြီထင်ပါတယ်။
ဒီနေ့ သူမတို့ပြန်တာနောက်ကျတယ်
ည ကိုးနာရီခွဲနေပြီ။
ကျီရူဖုန်း နဲ့ ကျီရွှင်ဖုန်းတို့ကိစ္စကို အိမ်မှာပြောလို့မဖြစ်တာကြောင့်
မောင်နှမနှစ်ယောက်အပြင်မှာပဲဆွေးနွေးနေကြတာနဲ့ အချိန်ကုန်သွားတယ်။
ဆွေးနွေးတဲ့နေရာကတော့ ယခင်က သူမရဲ့
အလုပ်ဟောင်းနေရာ
ကိုကို့ရဲ့ Night club မှာ၊

"အဖေတို့ပြန်ရောက်ကြပြီလား "

"အင်း ခုပဲ ညစာစားပြီးလို့
အခန်းထဲဝင်သွားကြပြီ
အကိုလေးနဲ့မမလေးတို့အတွက် ညစာပြင်လိုက်ရမလား "

"ဟင့်အင် မလိုဘူး
သမီးတို့စားပြီးပြီ ရီမား"

"_အဘိုးရော အိပ်နေပြီလား?
_မအိပ်သေးဘူး "

ကိုကို့ရဲ့အမေးစကားဆုံးလျှင်ပဲ အဘိုးတစ်ယောက် သူ၏အခန်းထဲမှထွက်လာလေသည်။
ထို့နောက် မင်းတို့ထိုင်ကြအုံးဟုဆိုလာသဖြင့်
သူမတို့လည်း ဧည့်ခန်း၌ထိုင်မိကြသည်။

" _မြေး..ရီရှင်း..!
_ဟုတ်ကဲ့ အဘိုး "

"ကျီယွင်ချောင်မြေးနဲ့လက်ထပ်မယ့်ကိစ္စကရော ဘယ်လိုအခြေအနေရှိပြီလဲ? "

" အဘိုး..!
အဲ့ကောင်က ကျွန်တော့်ညီမကိုငြင်းလိုက်တာနော်
ခုထိလက်မလျော့သေးဘူးလား "

"ငြင်းလိုက်တာက မင်းညီမပါကွ "

"ဘာပြောပြော ကျီရွှင်ဖုန်းနဲ့ကမဖြစ်နိုင်တော့လို့
ဆက်မပြောနဲ့တော့
ရီရှင်း..နင် အပေါ်တက်တော့ "

"အာ..ကိုကိုကလဲ "

သူမအကို၏စကားကြောင့် ရီရှင်းမှာ
အဘိုးဖြစ်သူကိုအားနာသွားရလေသည်။
ထို့ကြောင့် သူ၏အကိုအား
မပြောပါနဲ့ဟူသောသဘောဖြင့် လက်ကိုလှမ်းပုတ်လိုက်လေသည်။

" ဝေးလွင့်အကြင်နာ "(Completed)Where stories live. Discover now