Ep 4

497 24 4
                                    

Unicode

" ဝေးလွင့်အကြင်နာ (၄) "

" 2023 နွေရာသီ Bejing"

" မင်္ဂလာပါရှင့်
  China Music ဆုပေးပွဲတိုက်ရိုက်ထုတ်လွှင့်မှုပါရှင့်
ဒီနေ့အတွက် MC တွေရဲ့အမြင်လေးတွေကိုနားထောင်ကြည့်လိုက်ရအောင် "

" မင်္ဂလာပါ
ဒီနေ့အတွက်ဆန်ခါတင်စာရင်းဝင်ထဲမှာမှ
Song of the year ဆုအတွက်
ရေပန်းစားနေတဲ့ အဆိုတော်နှစ်ယောက်ရှိပါတယ်
ထူးဆန်းတာက သူတို့နှစ်ယောက်ဟာ
သူငယ်ချင်းဟောင်းတွေဖြစ်နေတာပါပဲ "

" _အိုး..တိုက်ဆိုင်လိုက်တာနော်
_ဟုတ်တယ် ထူးဆန်းတယ်ပြောရမလားပဲ "

" ဘာကထူးဆန်းနေတာလဲ
ဒီအစီအစဉ်တင်ဆက်တဲ့ စုံတွဲကဘာဖြစ်ချင်နေတာလဲဟ
အတိတ်ကအကြောင်းအရာတွေပါတူးစွနေတယ် ကွိုင်ပဲ "

" ယွန်းဟန်နီရဲ့ ပြန်ဆုံချိန် သီချင်းနဲ့
လုံဟွားရဲ့   ပြီးခဲ့သောနွေရာသီ သီချင်းတို့ပဲဖြစ်ပါတယ် "

Tv channel မှ တိုက်ရိုက်ထုတ်လွှင့်နေမှု့ကို
စောင့်ကြည့်အားပေးနေကြသော
L Entertainment မှ အနုပညာရှင်တွေနှင့်
ဝန်ထမ်းတွေ
ထိုထဲ ယဲ့ကျစ်ကအဆိုးဆုံး
ပွစိပွစိနဲ့လိုက်ပြီးပြောဆိုနေတာ
သူတို့ကြည့်နေတုန်းမှာပင် ဖျော်ဖြေရေးစတင်ပါတော့သည်။

" မင်္ဂလာပါခင်ဗျ
ပထမဦးစွာဆုပေးပွဲမတိုင်ခင်ဖျော်ဖြေမှု
လေးပါ..
Angel Eye အဖွဲ့ပါခင်ဗျ.."

" Angel Eye တဲ့
သူဌေး...လိုင်းပြောင်းလိုက် သူတို့ကိုမကြည့်ချင်ဘူး
သူတို့အလှည့်ပြီးမှပြန်ဖွင့်ရအောင် "

" တကယ်ပါပဲ
နင်..ပါးစပ်လေးပိတ်မထားနိုင်ဘူးလား
မကြည့်ချင်ရင်မျက်လုံးပိတ်ထား
သူတို့ပြီးတာနဲ့ နဂါးအလှည်
ကျော်သွားရင်ဘယ်လိုလုပ်မလဲ တကယ်တည်း "

" ခခ်ခခ်...ဟီးဟီး..."

သူတို့သူဌေးနှင့်ယဲ့ကျစ်တို့၏စကားတွေကြောင့် ကျန်တဲ့လူတွေမှာ ဝိုင်းရယ်ကြတော့သည်။
သူတို့တွေကအဲ့လိုပဲ သူဌေးကမိသားစုလိုဆက်ဆံပေးတော့ မကြောက်ကြဘူး
ပြောရဲဆိုရဲတွေဖြစ်နေကြတာ၊
ယွန်းဟန်နီပါဝင်သော Angel Eye အဖွဲ့ကတော့ သီဆိုဖျော်ဖြေနေတုန်း

" ဝေးလွင့်အကြင်နာ "(Completed)Where stories live. Discover now