Ep 7

385 19 4
                                    

Unicode


" ဝေးလွင့်အကြင်နာ (၇) "

ဒီကောင်ကဘာဖြစ်ချင်နေတုန်း
တလောကတော့ သူ့ကိုလက်ထပ်မှာဆိုပြီးပြောနေခဲ့တာလေ
ဒီနေ့ကြတော့ လူအများရှေ့မှာငြင်းလိုက်တယ်
တကယ့်ကိုနားမလည်တော့ဘူး
ယောင်္ကျားလျာတွေမာယာများရင် မိန်းမစစ်
စစ်တွေထက်ပိုကြောက်ဖို့ကောင်းပါလား
အဘိုးကတော့ ဒေါသတွေ ကျွန်တော့်အပေါ်ပုံချလာသည်။
အကြောင်းက ရန်ရီရှင်းငြင်းလိုက်တာဟာ
ကျွန်တော့်မှာ ဟန်နီရှိနေလို့တဲ့
နောက်ပြောသေးတာက ဟန်နီနဲ့ပြတ်ပြတ်သားသားဖြစ်မှ သူမကလက်ထပ်နိုင်မယ်တဲ့
ဒါ...တမင်သက်သက် ဟန်နီနဲ့ကျွန်တော့်ကို
ကွဲအောင်လုပ်ချင်တာပဲ
မနေ့တနေ့တုန်းကတော့ ဘာ...
ထိုနေ့က..

" ရတယ် ယွန်းဟန်နီကိုချစ်တယ်မလား
မတားဘူး ဆက်ချစ်လို့ရတယ်
ကျွန်မလည်း ဟန်နီ့ကိုချစ်တယ်လေ
ရှင်လဲ အသိပဲဟာ
ကျွန်မတို့ချစ်တဲ့လူချင်းတူနေတော့ နားလည်
မှုပိုရတာပေါ့ "

မျက်စိရှေ့က မိန်းမကိုကြည့်ပြီး
သူ တကယ်ကြီးကိုလန့်လာတာပင်
လူတစ်ယောက်က တခြားလူတစ်ယောက်လို
ပြောင်းလဲသွားတာလေ
ဒီ ရန်ရီရှင်း..ရူးသွားတာလား?

"_ဟေး...မင်း တကယ်ရူးသွားတာလား
_ဟုတ်တယ် ခင်ဗျားတို့နှစ်ယောက်ကြောင့်"

ဟော ခုတော့ဇာတိတွေပေါ်လာပြီ
ခင်ဗျားတဲ့

"ဒီတော့ မင်းအကြံအစည်က ငါနဲ့ဟန်နီကိုခွဲချင်တာလား
ဒီလောက်မလွယ်ဘူးနော် "

"အိုး..ဒါတော့စောင့်ကြည့်ရမှာပေါ့
ဆယ်နှစ်ကျော်ချစ်လာခဲ့တဲ့ ကျွန်မကိုတောင်
တခဏလေးနဲ့စွန့်ပစ်နိုင်တာပဲလေ
ရှင်နဲ့က ဘယ်လောက်ကြာသေးလို့တုန်း
ဟန်နီက ရှင့်ကိုဘာလို့ရွေးချယ်ခဲ့တာလဲသိလား
ပြောပြရမလား ?"

ဒီစကားကြားတော့ ကျွန်တော်တကယ်စိုးရိမ်သွားမိတယ်ဗျ
ဘာပြောပြော ဟန်နီက အောင်မြင်မှုအတွက်
သူငယ်ချင်း၊ချစ်သူ အားလုံးကိုစွန့်လွှတ်ခဲ့တာလေ
ကျွန်တော့်မှာ ဘာပိုင်ဆိုင်မှုမှမရှိတော့ဘူးဆိုရင် အရင်လိုဆက်ချစ်နေဦးမှာလား
တကယ်သိချင်မိတယ်
ဒါကြောင့် ကျွန်တော်လောင်းကြေးစားကြေး
လုပ်ချင်လာမိတယ်။

" ဝေးလွင့်အကြင်နာ "(Completed)Where stories live. Discover now