Ep 8

360 20 3
                                    

Unicode

" ဝေးလွင့်အကြင်နာ (၈) "

🎵မင်းကိုတောင်းပန်မယ်ဆိုလည်း အကျိုးမရှိတော့ဘူးထင်ပါတယ်
မင်းနှလုံးသားကပြောင်းလဲသွားခဲ့ပြီးပြီပဲ
မင်းကို ထွက်မသွားပါနဲ့လို့ တောင်းဆိုဖို့တောင်..ငါ့ကိုယ်ငါ မခိုင်းနိုင်ခဲ့ဘူး
ကိုယ့်လမ်းကိုယ်ပဲ လျှောက်ရတော့မှာပေါ့
အမှတ်တရနဲ့တူတဲ့ မီးရောင်တွေက ဒီညမှာငိုကြွေးနေကြတယ်
နှလုံးသားကို ကြေကွဲစေရုံပဲရှိမယ့်...ဒီလမ်းကြားလေးထဲကို
ဘယ်လိုကြောင့်များ ရောက်လာခဲ့ရတာပါလိမ့် 🎵

ရီရှင်းကကီးဘုတ်တီးလို့
လုံဟွားကတော့သီချင်းဆိုနေလေရဲ့
ရီရှင်း ရေး‌စပ်ထားတဲ့သီချင်းကို အင်တာဗျူးအစီအစဥ်မှာဆိုပြနေကြတာပါ။
ရူဖုန်း..သူ ထပ်ပြီးအံ့ဩရပြန်သည်
ရီရှင်းက နာမည်ကြီးတေးရေးဆရာ"ဟူလီ"တဲ့
ဒီနှစ်တွေထဲ ရွှင်ဖုန်းအသဲအသန်လိုက်ရှာနေခဲ့တဲ့တေးရေးဆရာက ရီရှင်းတဲ့လား
ကံကြမ္မာကအတော်လေးဆန်းကြယ်တယ်
ထို့ပြင် ကံတရားက ရီရှင်းဖက်မှာရှိနေခဲ့တာပဲ
အချစ်ကိုလက်လွှတ်ဆုံးရှုံးလိုက်ရပေမယ့်
အောင်မြင်မှု ၊ငွေ ၊ဂုဏ်၊ကံတရားအားလုံးဟာ
ရီရှင်းကိုဖေးမကူညီခဲ့ကြသည်။

"_အဲ့တော့..ဟူလီ..!
_လျိုရီရှင်းလို့ပဲခေါ်ပါ '

"ဪ ဟုတ်ကဲ့
ဒီတော့..လျိုရီရှင်းက အဆိုဖက်လှည့်ဖို့စိတ်ကူးမရှိဘူးလား "

အစီအစဉ်တင်ဆက်သူ၏အမေးစကားဆုံးသောအခါ
ရီရှင်းမှာ အသာအယာပြုံးလိုက်ရင်း

"ဟုတ်ကဲ့ အဆိုတော်လုပ်ဖို့စိတ်ကူးမရှိပါဘူး
ခုလက်ရှိအလုပ်နှစ်ခုကိုပဲအာရူံစိုက်သွားမှာပါ
လောလောဆယ်တော့ စီးပွားရေးကုမ္မဏီတစ်ခုက Brand ambassador အဖြစ်ကမ်းလှမ်းထားလို့ စာချုပ်ချုပ်ဖို့စီစဉ်နေပါတယ် '

ရီရှင်းရဲ့စကားကြားတော့ ကျွန်တော့်ခေါင်းထဲ
လက်ခနဲဖြစ်သွားတာက
ရီရှင်းကို ကျွန်တော်တို့ကုမ္မဏီရဲ့ Brand ambassador အဖြစ်စာချုပ်ချုပ်ဆိုဖို့
ရီရှင်းသာ Hanfu အမျိုးသမီးဝတ်စုံနဲ့ဆို ဘယ်လောက်များလှပလိုက်မလဲ
တွေးကြည့်ရုံနဲ့တင် ရင်တွေတဒိတ်ဒိတ်ခုန်တယ်

" ဝေးလွင့်အကြင်နာ "(Completed)Where stories live. Discover now