Ep 11

297 17 6
                                    

Unicode

" ဝေးလွင့်အကြင်နာ (၁၁) "

ရီရှင်းဓာတ်ပုံရိူက်ကူးရေးလုပ်နေတဲ့ စတူဒီယိုကို သူရောက်သွားတော့
ယွီဟယ်ကိုပါအတူတွေ့လိုက်ရလေသည်။
ရီရှင်းက Hanfu အမျိုးသားဝတ်စုံနဲ့ ချောမောလို့၊
ယွီဟယ်ကတော့ မိန်းကလေးဝတ်စုံပေါ့
သူတို့က စုံတွဲပုံရိုက်နေကြတာဗျ
ရီရှင်းကအရပ်ရှည်လို့ထင်တယ် အဝေးကကြည့်ရင် မိန်းမမှန်းမသိသာဘူး။
ယွီဟယ်ကိုကြည့်တော့ ကျေနပ်နေပုံပင်
တခခ်ခခ်ရယ်မောလို့

"_ဟင်..CEOမလား
_CEOကျီရူဖုန်းလား? "

" CEOက ဒီကိုဘာလာလုပ်တာလဲ "

"အာ..အဲ့တစ်ယောက်က
Peak ရဲ့ Brand ambassador လေ
ရိုက်ကူးရေးကိုလာစစ်ဆေးတာနေမှာပေါ့ "

"CEO မင်္ဂလာပါ "

ကျွန်တော့်ကိုမြင်တော့ ရိုက်ကူးရေးဝန်ထမ်းတွေက လှမ်းပြီးနှုတ်ဆက်ကြလေသည်။

"မင်္ဂလာပါ
မင်းတို့အလုပ်မင်းတို့ဆက်လုပ်ကြပါ
ငါ့ကိုအာရုံမစိုက်နဲ့ "

ရီရှင်းကတော့ ကျွန်တော့်ကိုမြင်ပုံမရသေး
သူမအလုပ်ကိုသာအာရုံစိုက်ထားလေသည်။
ယဲ့ကျစ်ကိုကြည့်တော့ အလုပ်များနေပုံရလေသည်။
ရီရှင်းအတွက် ဝတ်စုံတွေအဆင့်သင့်ပြင်ထားတာကိုမြင်ရတယ်
ယွီဟယ်ကတော့ သူမအလှည့်ပြီးသွားလို့လားမသိ ယဲ့ကျစ် နှင့်အတူ ရီရှင်းကိုဝိုင်းပြီးကူညီနေလေရဲ့၊
Wuxia သိုင်းဝတ်စုံအနှရောင်နှင့် ဓားကိုင်ပြီးထွက်လာသောအခါ
ရူဖူန်း..သူ အသက်ရှုဖို့ပင်မေ့လျော့နေမိသည့်အထိပင်
ရီရှင်းက တကယ် Strong ဖြစ်တဲ့ type မျိူးဗျ
ယခုလို ထီမထင်တဲ့ဟန်အမူအရာနဲ့
Style ကျကျ Post ပေးလာတဲ့အခါမျိုးမှာ အမှန်တကယ်ကိုကြည့်ကောင်းလွန်းနေတာငြင်းမရ။
ထို့ကြောင့် ကုတ်အင်္ကျိအိတ်ကပ်ထဲကဖုန်းကိုထုတ်ပြီး
ဓာတ်ပုံရိုက်ယူထားမိသည်။
ဝတ်စုံတစ်ထည်ပြီးတစ်ထည်လဲ၍ ဓာတ်ပုံရိုက်ကူးရေးပြီးသွားသောအခါမှ
ရီရှင်းတစ်ယောက် ကျွန်တော့်ကိုမြင်သွားပုံရ
လေသည်။

" ဘယ်တုန်းကရောက်နေတာလဲ? "

" ကြာပြီ
မင်းနဲ့ ယွီဟယ် စုံတွဲပုံရိုက်နေကတည်းက "

" ဝေးလွင့်အကြင်နာ "(Completed)Where stories live. Discover now