Ep 17

340 16 2
                                    

Unicode

" ဝေးလွင့်အကြင်နာ (၁၇)"

ညက သူမ..တော်တော်နှင့်အိပ်မပျော်သဖြင့်
မနက်မိုးလင်းတော့ နောက်ကျမှအိပ်ယာထနိုင်သည်။
ယဲ့ကျစ်တို့ကိုကြည့်တော့ မရှိကြတော့ပေ
ကြည့်ရတာ အရင်ထနှင့်ကြပြီထင်ပါတယ်
ထို့ကြောင့် မျက်နှာသစ်ကိုယ်လက်သန့်စင်ကာ အဝတ်အစားလဲပြီးတော့
အပြင်ဖက်ထွက်လာခဲ့မိလျှင် တအိမ်လုံး တိတ်ဆိတ်နေပြီး
ကျီရူဖုန်းတစ်ယောက်ကိုသာ ဧည့်ခန်း၌အခန့်
သားထိုင်နေတာမြင်လိုက်ရလေသည်။
ကျီရူဖုန်းကိုမြင်သည်နှင့်
ညကကိစ္စကိုတွေးမိပြီး မျက်နှာပူရှက်ရွံ့လာမိ
သဖြင့် ထိုလူကိုမမြင်ချင်ယောင်ဆောင်၍
ဟိုဒီအသံပေးလိုက်မိလျှင် ကျီရူဖုန်းဆီမှ စကားသံထွက်ပေါ်လာလေသည်။

" _ခေါ်မနေနဲ့တော့ ဘယ်သူမှမရှိတော့ဘူး
_ဟင် ဘယ်သွားကုန်ကြလို့လဲ? "

" ကိုယ် မောင်းထုတ်လိုက်တာ "

" စောစောစီးစီး ရန်မဖြစ်ချင်ဘူးနော်
တကယ်မေးနေတာ "

" ရော်..တကယ်ပါဆို
ကိုယ် နှင်ထုတ်လိုက်တာ
ဒါမှ မင်းနဲ့ကိုယ် နှစ်ယောက်တည်း သီးသန့်ချိန်းတွေ့လို့ရမှာလေ "

ဒီလူတော့ သူမကိုဆိုအမြဲတမ်းနောက်ပြောင်ချင်နေတာ ဘယ်လိုရောဂါမှန်းကိုမသိ
ဒီကလည်း စိတ်ကလက်တစ်ဆစ်ရယ်
ထို့ကြောင့် စိတ်တိုတိုဖြင့်‌ထအော်မိတော့သည်။

" ကျီရူဖုန်း..!
အတည်အတံ့မေးနေတာနော် "

" ဟီး မြို့ထဲလျှောက်ကြည့်မယ်ဆိုပြီး
အပြင်ထွက်သွားကြတယ်
ကိုယ်က မင်းကိုစောင့်နေခဲ့တာ "

" ယဲ့ကျစ်ကလည်းတကယ်ပါပဲ
ငါ့ကိုတောင်မစောင့်ဘူး
မဟုတ်လည်း နှိုးသွားတာမဟုတ်ဘူး "

"_ကိုယ်ကမနှိုးခိုင်းတာ
_ဘာလို့လဲ? "

" ဘာလို့ရမလဲကွာ
ဒါမှ မင်းနဲ့ကိုယ် အတူလျှောက်လည်လို့ရမှာလေ
ပြီးတော့ ကိုယ်..အားလုံးကိုပြောပြလိုက်ပြီ "

" ဘာကိုပြောပြလိုက်တာလဲ?"

" ကိုယ်တို့ပတ်သတ်မှု့
အဲ့တာကြောင့် သူတို့မင်းကိုထားသွားခဲ့တာ
ကိုယ်ကတောင်းဆိုလိုက်လို့
ကဲပါကွာ
မင်းကိုရှင်းပြနေရတာနဲ့ အချိန်တွေပုတ်ကုန်ပြီ
မြန်မြန်..လာ သွားကြစို့ "

" ဝေးလွင့်အကြင်နာ "(Completed)Kde žijí příběhy. Začni objevovat