Ep 3

518 24 6
                                    

Unicode

" ဝေးလွင့်အကြင်နာ (၃) "

" Hi..သူဌေးလျို "

" ဟေး..ရူဖုန်း
မင်းကမလာစဖူးအလာထူးလို့ပါလားကွ
မင်း..ဒီလိုနေရာတွေမကြိုက်ဖူးမလား? "

သူတို့သူငယ်ချင်း ကျိရူဖုန်းဆိုသူကအားအားယားယား club တက်တတ်သူတော့မဟုတ်ပေ..
ဘာကိစ္စရှိလို့ပါလိမ့်

" _ဟေးးးး မင်း ဘာကိစ္စရှိလို့လဲကွ
_လူတစ်ယောက်ကိုလာရှာတာ "

" ဘယ်သူလဲ ပြောသာပြောလိုက်
ငါခေါ်ပေးမယ် "

" ရန်ရီရှင်း
မင်းတို့ဆီမှာ Sunday ညတိုင်း DJလုပ်တယ်ဆို "

ကျွန်တော့်စကားကြားတော့ ဟောက်သုန်က
ဪဟုရေရွတ်လျက်က

" အာ...အရပ်ရှည်ရှည်နဲ့ဂျစ်ကန်ကန်ချာတိတ်
ဟုတ်တယ်
ဒါပေမယ့် ဒီနေ့တော့ သူနားတယ်ကွ
ဒါနဲ့ မင်းကသူ့ကိုဘာလို့ရှာ.."

" ကိစ္စလေးရှိလို့
ဒါနဲ့ မင်း..သူ့လိပ်စာသိလား? "

ရူဖုန်း..သူ ဟောက်သုန်နဲ့စကားပြောနေတုန်းမှာပင် ကနေကြတဲ့လူအုပ်ထဲ
ရူန်းရင်းဆန်ခတ်ဖြစ်သွားသဖြင့် စကားစပြတ်သွားမိသည်။
Club ထဲရှိလူအားလုံး၏အကြည့်တို့ကထိုနေရာသို့
ထိုစဉ်မှာပင်မြင်လိုက်ရသည်က

" တွေ့ပြီ "

တွေ့ပါပြီ သူရှာနေတဲ့ဟိုချာတိတ်ကို
ဒီကောင်က လူအုပ်ထဲဝင်ပြီးကနေတာကိုး
မူးနေပုံလည်းရသည်
သူနဲ့ရွယ်တူချာတိတ်တစ်ယောက်က အတင်းလက်ဆွဲခေါ်နေတာကိုရုန်းကန်နေတာကြောင့်
ရုတ်ရုတ်သဲသဲဖြစ်သွားတာပင်။
သူတို့ကဒုတိယထပ်မှာမို့ ပိုပြီးရှင်းရှင်း
လင်းလင်းမြင်ရသဖြင့် ရီရှင်းဆိုတာသေချာနေတာ။
Rain ကပြောတာ
ရန်ရီရှင်းက " နီယွန်ည " Night club မှာ
DJ လုပ်တာတဲ့လေ
ဟိုရက်ကမိုးမိပြီး ဘယ်လိုနေလဲစိတ်ကပူနေတာကြောင့်
တူမဖြစ်သူကိုစကားအစ်ကြည့်မိတော့သိလာရတာ
Rain ဆီကနေ
ရီရှင်းအကြောင်းအကုန်ကြားသိပြီးနောက်
သူအင်မတန်ဝမ်းနည်းခဲ့ရသည်။
သူ့ကောင်မလေးကိုလက်လွှတ်ခဲ့ရသည်တဲ့အဲ့တာကလဲ
သူ့ညီ ရွှင်ဖုန်းကြောင့်၊
ဆင်းရဲလွန်းလို့အချစ်..အိမ်မက် ဘာတခုမှမပိုင်ဆိုင်ရတဲ့ကောင်မလေး..
အေးပေါ့လေ သူစိတ်ဒဏ်ရာရတာလဲမပြောနဲ့
ရန်ရီရှင်း..
မင်းပျော်အောင် ကိုယ်..ဘယ်လိုလုပ်ပေးရမလဲ
ကိုယ်မျှော်လင့်မိပါတယ်
မင်းရဲ့ပြုံးနေတဲ့မျက်နှာလေးကိုပေါ့
ဒါကြောင့်မလာဖူးတဲ့ ဒီလိုနေရာတွေအထိလာရှာမိတာပင်
တိုက်ဆိုင်တာက နီယွန်ညကလပ်ဟာ
ကျွန်တော့်သူငယ်ချင်း " လျိုဟောက်သုန် " ပိုင်တာဖြစ်နေလေသည်။

" ဝေးလွင့်အကြင်နာ "(Completed)Where stories live. Discover now