Ep 9

353 17 6
                                    

Unicode

" ဝေးလွင့်အကြင်နာ (၉) "

" Brand ambassador ဟုတ်လား "

"အင်း
ကိုယ်တို့ Peak Fashion အမှတ်တံဆိပ်အတွက်
မင်းကို Brand ambassador ခန့်ချင်တယ်"

ဒီယုန်မြင်လို့ဒီချုံထွင်တာဖြစ်ပေမယ့်
ဒါကတော့ မြန်လွန်းအားကြီးနေတယ်လေ မစ္စတာ ကျီရူဖုန်းရဲ့
Peak Shopping Center က
ကျီရူဖုန်းပိုင်တာမှန်း သူမသိထားပြီးသားပါ
ဒါပေမယ့် ယခုလို
ထိပ်တိုက်ကြီးတွေ့လိမ့်မယ်လို့တော့မထင်မိခဲ့
တိုက်တိုက်ဆိုင်ဆိုင်လာဆုံနေတာပင်။
Brand ambassador တဲ့လား
ဒါဆို မနေ့က သူမရဲ့အင်တာဗျူးကို
ကျီရူဖုန်းကြည့်ခဲ့တယ်ပေါ့လေ
စိတ်ထဲမှကျေနပ်နေပေမယ့် အပြင်ဖက်တွင်
တော့ အရေးမစိုက်သည့်ဟန် ဟန်ဆောင်ပြရ
သေးသည်။

"ဒါကို ဒီမှာပြောရမှာမဟုတ်ဘူးထင်တယ်
ကျွန်မတို့သူဌေးကိုပြောရမှာမဟုတ်ဘူးလား
အလုပ်ကိစ္စအတွက်ဆို
Agency ကိုဆက်သွယ်လိုက်ပါ
ယဲ့ကျစ်..ငါတို့သွားကြစို့ "

" _နေဦး ခဏလေ..
_ဘာလဲ ကျွန်မပြောတာမရှင်းလို့လား?"

"အဲ့တာမဟုတ်ဘူး
ကိုယ်လိုက်ပို့ပေးမယ် "

"မလိုပါဘူး
ကျွန်မမှာကားပါတယ် "

ကျွန်တော်က..ခဏလေးဆိုပြီးဟန့်တားလိုက်တော့ ရီရှင်းတစ်ယောက် စိတ်မရှည်ဟန်ဖြင့်
ပြန်လည်ရန်တွေ့လာလေသည်။
သူမစိတ်ထဲ ကျွန်တော်က
အလုပ်ကိစ္စကိုထပ်ပြောမယ်လို့ထင်သွားပုံပဲ
နောက်မှ လိုက်ပို့ပေးမယ်ဆိုလိုက်တော့
ရှက်သွားပုံရလေသည်
အဲ့နောက် ဘုဆတ်ဆတ်လေသံနဲ့ သူမမှာကားပါလာတယ်ဟုဆိုပြန်သည်။
ရူဖုန်း..သူလဲ စနောက်ချင်လာသဖြင့်

" အင်း..အဲ့ကားရပ်ထားတဲ့နေရာအထိလိုက်ပို့မယ်ပဲပြောတာလေ
မင်းမှာ အစောင့်အရှောက်မှမပါတာ "

"သဘောပဲ "

တစ်ချိန်လုံး မျက်နှာကြောတင်းထားရတာ
မပင်ပန်းဖူးလားမသိဘူး
ဒီကောင်မလေးကတော့လေ
သူနဲ့ဆို အမြဲတမ်းမာကျောချင်ယောင်ဆောင်ချင်တယ်
ဒီကဖြင့်..သူမ အပျော့ညံ့ဆုံးအချိန်ကိုတောင်
မြင်ခဲ့ပြီးပြီကို ဟန်တွေလုပ်နေသေးတယ်
တကယ်ပဲ..!
ငါ့လက်ထဲရောက်တဲ့တစ်နေ့ ကောင်းကောင်း
ကြီး ပညာပြရမယ်

" ဝေးလွင့်အကြင်နာ "(Completed)Where stories live. Discover now