1

6.5K 261 24
                                    

*ခွပ်*

"သားမိုက် မင်းဘယ်လိုကောင်လဲ'

၀န်ကြီးချုပ် ဂျွန်မင်လီမှာသားဖြစ်သူ
ဂျွန်ဂျောင်ကုစိတ်တိုစွာထိုးလိုက်ခြင်း။
သူက၀န်ကြီးချုပ်မို့ သားဖြစ်သူကိုလည်း
အနေအထိုင်ဆင်ခြင်ပါလို့ပြောနေပါလျက်နဲ့
ဒီသကောင့်သားက ဘားမှာရန်ဖြစ်ခဲ့သည်။
၀န်ကြီးချုပ်သားဖြစ်ရုံတင်မက မော်ဒယ်လည်း
ဖြစ်တဲ့ဂျောင်ကုကနာမည်ကြီးမို့ သတင်းက
မီဒီယာတွေကြောင့် ခနအတွင်းပြန့်သွားသည်။

"ကျတော့်အပြစ်မဟုတ်ဘူး'

အထိုးခံရတာတောင်ကျတော့်အပြစ်မဟုတ်ဘူး
လုပ်နေတဲ့သားဖြစ်သူကြောင့် ဂျွန်မင်လီ
တော်တော်ကိုစိတ်တိုနေပြီဖြစ်သည်။

"မင်းတော့ကွာ'

စိတ်တိုတိုနဲ့ထပ်ထိုးဖို့လုပ်နေတုန်း။

"တော်ပါတော့ ၀န်ကြီးချုပ်
စိတ်ကိုထိန်းပါ'

အပြင်ကနေတံခါးအမြန်ဖွင့်ကာ၀င်လာတဲ့
သားဖြစ်သူရဲ့မန်နေဂျာ အမေရိကန်ကပြား
ကောင်လေး ဂျယ်အီ ၀င်ကာတားသည်။

"မင်းကဘာစောက်ဆင့်နဲ့ငါ့ကို
လာတားတာလဲ ဂျယ်အီမင်းငါ့သားနဲ့
ဘလိုဆက်ဆံရေးရှိနေကြလဲငါသိတယ်
အခုငါ့သားရန်ဖြစ်ရတာလည်း
မင်းကြောင့်ဆိုတာငါသိတယ်'

"အဖေ!သူ့ကိုပြောစရာမလိုဘူး'

ဂျယ်အီကိုသူ့နောက်ပို့ကာ
အဖေဖြစ်သူကိုပြန်ပြောလာတဲ့
ဂျောင်ကု။

"ဂျွန်ဂျောင်ကု ဒီခေတ်မှာဒီလိုတွေချစ်ကြတာကို
ငါကနားလည်ပြီးသားပဲ အင်း
၀န်ကြီးချုပ်သားဖြစ်နေလို့ဒီလိုမချစ်နဲ့
တားတာမဟုတ်ဘူး အဲ့ကောင်ကမင်းဆီက
ချူစားနေတာမင်းမသိတာလည်းမဟုတ်ဘူး!'

"အဖေ သူကအဲ့လိုလူမဟုတ်ဘူး
ပြောစရာဒါအကုန်ဆိုကျတော်တို့
ကို့အိမ်ကိုပြန်ပါတော့မယ်'

ဂျယ်အီ့လက်ကိုဆွဲကာ
ထွက်သွားတဲ့သားဖြစ်သူကြောင့်
ဂျွန်မင်လီတစ်ယောက် တော်တော်စိတ်တို
နေပြီဖြစ်သည်။သူ့သားက အချစ်မွှန်မွှန်နေလို့
သာဘာမှမမြင်တာ ၀န်ကြီးချုပ်ဖြစ်တဲ့သူက
ဒီကောင်လေးဂျယ်အီအကြောင်းအကုန်
စုံစမ်းပြီးသားပင်။ ယောက်ကျားတကာနဲ့
ပတ်ရှုပ်ပြီးငွေရရင်သူ့ခန္ဓာကိုယ်ကိုပါပေးတဲ့‌
ကောင်မျိုး သက်သေတွေနဲ့ပုံတွေ‌နဲ့
သူ့သားကိုပြတော့ နှစ်ဦးချစ်ခြင်းခွဲချင်လို့
လုပ်ကြံထားတယ်ဟူ၍ အဖေကိုတောင်
ပြန်စိတ်ဆိုးနေသေးသည်။

𝗧𝗥𝗘𝗔𝗧𝗠𝗘𝗡𝗧 [𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now