19

2.3K 132 2
                                    

"တရားရုံးပြီးပြီ'

တရားသူကြီးကပြီးဆုံးကြောင်းကြေညာသည်။
ဂျယ်အီကထောင်ဒဏ် တစ်သက်တစ်ကျွန်း
ကျသွားသည်။လုံး၀ထွက်လာလို့မရအောင်
ဂျောင်ကုအဖေအာဏာတွေလည်းပါသည်ပေါ့။

ဂျောင်ကုကတော့ကြံရာပါမို့တစ်နှစ်သာပင်
ထယ်ယောင်းတောင်းဆိုမှုကြောင့် ၀န်ကြီးမှာ
တရားသူကြီးကိုပြောထားရခြင်းပင်။

ထိုနေ့က ဂျောင်ကုသူ့ကိုပြုံးပြနေခဲ့သည်။
_____________________________________

"အဆင်ပြေရဲ့လား'

ယူဝွန်း ဂျယ်အီ့ကိုထောင်၀င်စာ
လာတွေ့ခြင်းပငိ ဂျယ်အီကပိန်သွားသည်
တော်တော်ကိုပိန်သွားတာပင်။

အခုပုံစံမြင်နေရတော့လည်း
ယူဝွန်းစိတ်မကောင်းဖြစ်မိပြန်သည်။

"ဒီလိုပုံစံနဲ့ပြေမယ်ပြောနေတာလား'

ဂျယ်အီ ယူဝွန်းကိုပြောပြီး
မျက်နှာကိုတစ်ဖက်လှည့်နေလိုက်သည်။
ဂျယ်အီ ထောင်ထဲနေနေတဲ့တောအတွင်း
အဖြစ်အပျက်တွေကိုပြန်စဉ်းစားမိတော့
သူမှားခဲ့တာချည်းပါပဲ အဲ့အတွက်လည်းသူ
နောင်တရသည်။

"ကိုတောင်းပန်ပါတယ်'

အခုထိသူ့ကိုဘယ်မိတ်ဆွေကမှ
လာမတွေ့ပေမယ့်ယူဝွန်းကတော့
နာမည်ကြီးဖြစ်တာတောင်ခိုးပြီးလာလာ
တွေ့တုန်းပင်။

ယူဝွန်းစကားကြောင့်ဂျယ်အီခေါင်းကို
အတွင်တွင်ခါကာငိုမိသည်။

"ဟင့် တောင်းပန်ပါတယ်ယူဝွန်း
တောင်းပန်ပါတယ် ငါအရမ်းမှားခဲ့တာ'

ဂျယ်အီတော်တော်နောင်တရနေပြီဖြစ်သည်။
အခုလိုအသိတရားရသွားလို့ယူဝွန်း၀မ်းသာ
ပါသည်။

"ထယ်ယောင်း'

ယူဝွန်းထွက်သွားတော့ ထယ်ယောင်းက
ဂျယ်အီ့ကိုလာတွေ့သည်။

"အဆင်မှပြေရဲ့လားလို့လာကြည့်တာ'

"......'

တော်တော်ကြာကြာတိတ်ဆိတ်နေတဲ့
စကားဝိုင်းမှာဘာစကားမှ
ထွက်မလာခဲ့ပေ။

"ဒါဆိုငါပြန်တော့မယ်'

ထယ်ယောင်းထပြန်မလို့လုပ်တုန်း
ဂျယ်အီ့ဆီကစကားသံထွက်လာသည်။

𝗧𝗥𝗘𝗔𝗧𝗠𝗘𝗡𝗧 [𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now