9

1.7K 138 5
                                    

"ဂျွန် ထယ်စဉ်းစားထားတာရှိတယ်'

မနက်စာစားနေရင်းစကားဟလာတဲ့
ထယ်ကြောင့် ဂျောင်ကုစားနေတာရပ်လိုက်သည်။

"ပြောလေ ထယ်ရဲ့'

"ထယ်အလုပ်တွေခနနားထားမလားလို့လေ
ဂျွန်ကြော်ညာတွေဘာတွေရိုက်ဖို့ရှိရင်တော့
ဂျွန့်အတွက်လုပ်ပေးမယ် အလုပ်တွေနားထားပြီး
အမေ့ကိုပိုဂရုစိုက်မလားလို့'

"ဟုတ်ပြီထယ့်သဘောပါ ကိုရှာကျွေးနိုင်တယ်
ထယ့်ကို'

"သိပါတယ်ဗျာသိပါတယ်'

"ကိုဒီနေ့ကြော်ညာထပ်ရိုက်ရဦးမယ်'

"ဟင်ဒီနေ့မှလား'

"အင်းလေထယ်ရဲ့ ထယ်ပဲကိုတို့
ဟန်းနီးမွန်းထွက်မှအလုပ်တွေနားကြမယ်ဆို'

"ဟုတ်တာပဲ အဲ့တာဆိုထယ်
ဆေးရုံမှာသွားနေနေလိုက်မယ် ဂျွန်ပြန်မှ
၀င်ခေါ်လိုက်'

"ဟုတ်ပြီ ထယ်'

ဒီလိုနဲ့ ထယ်လည်းဆေးရုံအသွား
ဂျောင်ကုလည်းအေဂျင်စီသို့ရောက်လာသည်။

"ဂျယ်ယွန်း ဘာဖြစ်နေတာလဲ
မှုံကုပ်နေတာပဲ'

ထယ်ယောင်း ဆေးရုံအရောက် အမေ့နားမှာ
သူ့ကိုစောင့်နေတဲ့ဂျယွန်းကမှုံကုပ်ကုပ်ဖြင့်
နေနေတ။ကြောင့် မေးလိုက်ခြင်း။

"ဘာဖြစ်ရမှာလဲကွာ လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှအသစ်ရောက်တဲ့ ဆေးရုံအုပ်ရဲ့
သား ဟိုဆရာ၀န်ကောင် လီဟီဆွန်းပေါ့'

"ဘာဖြစ်လို့လဲသူက'

"မနေ့တနေ့ကမှနိုင်ငံခြားကပြန်လာပြီး
ဆေးရုံမှာစပြီး၀င်လုပ်တည်းက ငါ့ထက်
နာမည်ကြီးသွားတာလေ သူနာပြုမလေးတွေက
အစသူမှသူဖြစ်သွားရော'

"ဟာမင်းကလည်း အဲ့တာနဲ့ပဲ
ဖြစ်ရလေရောလား'

"အဲ့တာကြောင့်တင်မဟုတ်ဘူး
ငါ့ကိုမသိမသာလာလာကြောင်နေလို့
ပတ်ပြေးနေရတယ်'

"ဟုတ်လား ဟားဟား'

ထယ်ယောင်း ဆေးရုံခန်းတွေဘာတွေမသိတော့
ဂျယ်ယွန်းစကားကြားပြီး ရယ်နေမိသည်။

‌ဒီလိုနဲ့နေ့လည်ခင်း ဂျယ်ယွန်းလူနာတွေ
စစ်ပြီးထယ်ယောင်းဆီပြန်အလာ အီဟီဆွန်းက
ထယ်ယောင်းအမေကိုစစ်ပေးနေသည်။

𝗧𝗥𝗘𝗔𝗧𝗠𝗘𝗡𝗧 [𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now