10

2K 136 8
                                    

"ဂျွန် ဟီဆွန်းနဲ့သိတာလား'

"ဟုတ်တယ် ဟီဆွန်းကကို့သူငယ်ချင်းလေ
အထက်တန်းပြီးတည်းကမတွေ့ဖြစ်တော့တာ'

"ဒါဆိုအကိုထယ်ယောင်း လက်ထပ်ထားတယ်
ဆိုတဲ့မော်ဒယ်က ဂျောငိကုပေါ့'

"အင်းပေါ့ငါပေါ့ကွ ဒါဆို
ဦးလေးက အခုဒီဆေးရုံရဲ့ဆေးရုံအုပ်အသစ်ပေါ့'

"အင်းပေါ့ အဖေ့ကိုနှုတ်ဆက်သွားဦးမလား'

"နောက်နေ့လာမှနှုတ်ဆက်တော့မယ်ကွာ
အေးဆေးလာမှဦးလေးနဲ့တွေ့တော့မယ်'

ဂျောင်ကုနဲ့ဟီဆွန်းလည်း နောက်မှ
တွေ့မို့ချိန်းလိုက်ကြကာ ပြန်သွားကြသည်။
ကျန်ခဲ့တာကဂျယ်ယွန်းနဲ့ဟီဆွန်းပင်။

"ဟေး ဂျပုလေး'

"ဘာကိုဂျပုလဲ မင်းနေခဲ့စမ်း
ငါသွားပြီ'

"ဟေး နေဦးလေ ဟေး!ဂျယ်ယွန်း'

ဂျယ်ယွန်းမှာတော့ဆေးရုံအတွင်း
ပတ်ပြေးကာဟီဆွန်းကလည်းလူနာစစ်စရာ
မရှိရင် ဂျယ်ယွန်းနောက်ကိုသာ
တစ်ကောက်ကောက်လိုက်နေသူပင်။

"ဆိုတော့ ဟီဆွန်းကဂျယ်ယွန်းကို
ကြိုက်နေတာပေါ့'

အိမ်ပြန်တဲ့လမ်းမှာ ထယ်ယောင်းက
ဟီဆွန်းအကြောင်းဂျောင်ကုကို
ပြောပြနေသည်။

"ဟုတ်တယ် ဂျယ်ယွန်းကမကြိုက်ဘူးဆိုပြီး
ပတ်ပတ်ပြေးနေတာ'

"ဟီဆွန်းကလူကောင်းလေးပါပဲထယ်ရ'

"အဲ့တာပြောတာပေါ့'

"သူတို့ပြေသွားမှာပါသူ့ဟာနဲ့သူတော့'

ဒီလိုနဲ့ဂျောင်ကုတို့အိမ်ပြန်လာတော့
ခြံ၀မှာစောင့်နေတဲ့ဂျယ်အီကိုမြင်ပြီး
ဂျောင်ကုလန့်သွားသည်။

"ဂျွန် ဂျယ်အီရောက်နေတာပဲ
ဂျွန်ခေါ်ထားတာလား'

"မခေါ်ထားဘူး ထယ်'

"ဂျွန်ကားသွားသွင်းလိုက်
ထယ် ဂျယ်အီ့ကိုခေါ်ပြီးလာခဲ့မယ်'

"ဟုတ်ပြီ'

ထယ်ယောင်းခြံတံခါးဖွင့်တော့
ဂျောင်ကုကကားကိုခြံထဲမောင်းသွားပြီး
ထယ်ကခြံအ၀ကဂျယ်အီကိုခေါ်ကာ
အိမ်ထဲခေါ်လာသည်။

𝗧𝗥𝗘𝗔𝗧𝗠𝗘𝗡𝗧 [𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Waar verhalen tot leven komen. Ontdek het nu