12

1.9K 141 7
                                    

"အဲ့တော့ဂျောင်ကုက
ထယ်ယောင်းနဲ့ခရီးထွက်ရမှာပေါ့'

"ဟုတ်တယ်ဂျယ်အီ'

ဂျောင်ကု မနက်ဖြန်ထယ်ယောင်းနဲ့
ခရီးသွားမှာမို့ အေဂျငိစီမှာအလုပ်တွေ
အပြီးသတ်ပြီး နားခန်းထဲမှာနားနေတုန်း
ဂျယ်အီက၀င်လာကာမေးတော့
ဂျောင်ကုလည်းဖြေလိုက်သည်။

"ဂျယ်အီကောလိုက်မယ်လေ'

"ဘာလို့လိုက်မှာလဲ'

ဂျောင်ကုကအေးတိအေးစက်နဲ့
ဖြေလိုက်တော့ ဂျယ်အီကမျက်မှောင်
ကြုတ်ကာဖြင့်။

"ဂျောင်ကုက ထယ်ယောင်းနဲ့
နှစ်ယောက်တည်းသွားချင်တာလား?'

"အာ အဲ့လိုမဟုတ်ဘူးဂျယ်အီရဲ့
ဒီခရီးကအဖေစီစဉ်ပေးတာ ကိုတို့နဲ့
ဂျယ်အီလိုက်တာသိရင်အဖေရိပ်မိသွားမှာပေါ့'

"ဟုတ်ပါတယ်လေ'

ဂျောင်ကုအခုတလောဂျယ်အီနားမကပ်တော့တာ
ဂျယ်အီကိုယ်တိုင်ရိပ်မိသည်။ ခွာချဖို့လုပ်နေတာတော့မဟုတ်ဘူးမလား ဂျွန်ဂျောင်ကု။

"ခရီးကဘယ်ကိုလဲဂျောင်ကု'

‌ဒယ်ချွန်းဆိုတာဂျယ်အီ့ကိုမသိစေချင်တာမို့
ဂျောင်ကုလိမ်ဖြေလိုက်သည်။

"နိုင်ငံခြားဘက်ပါ'

"အော်ဟုတ်ပါပြီ ဂရုစိုက်သွားပါ'

ဂျောင်ကုပြန်သွားတော့
ဂျယ်အီလည်းစိတ်ပြေလက်ပျောက်
ယူဝွန်းကိုဖုန်းဆက်ကာ ဂျောင်ကုအကြောင်း
ပြောပြလိုက်သည်။

"ကို့ကလေးကခရီးသွားချင်လို့လား'

"ဟင်းး ယူဝွန်းကလိုက်ပို့ပေးမလို့လား'

"အင်းကိုကြော်ညာပိုင်းတွေရိုက်စရာ
မရှိဘူး ပြည်တွင်းတော့ခရီးထွက်လို့ရတယ်'

"ခစ်ခစ်ဒါဆို ဒယ်ချွန်းဘက်သွားရအောင်
ပင်လယ်မှာပဲစိတ်အပန်းဖြေချင်တယ်'

"ဟုတ်ပြီဒါဆိုမနက်ဖြန်ကိုကားနဲ့
လာခေါ်မယ်'

ဂျယ်အီကိုယ်တိုင်ကတော့ဂျောင်ကု
ပြည်တွင်းခရီးပဲထွက်မှာမသိပဲ
ယူဝွန်းနဲ့အေးအေးဆေးဆေးခရီးထွက်ဖို့
ပြင်နေတော့သည်။

𝗧𝗥𝗘𝗔𝗧𝗠𝗘𝗡𝗧 [𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Donde viven las historias. Descúbrelo ahora